သူရဦးတင်ဦးအတွက် လွမ်းသူ့ပန်းခြင်း ဒေါ်အောင်ဆန်းစုကြည် ပေးပို့

သူရဦးတင်ဦး၏ ဈာပနအခမ်းအနားသို့ ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွမ်းသူ့ပန်းခြင်း ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခြင်းကို အမှတ် ၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်သားများ လာရောက်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦး၏နာရေးသို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း လွမ်းသူ့ပန်းခြင်း ပို့ဆောင်လာကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအား ပူးတွဲတည်ထောင်ခဲ့သူ သူရဦးတင်ဦးသည် ဇွန် ၁ ရက် နံနက် ၈ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ကွယ်လွန်ခဲ့ကာ၊ ကွယ်လွန်ချိန်၌ အသက် ၉၈ နှစ်ရှိပြီ ဖြစ်သည်။

ဦးတင်ဦး၏ ဈာပနအခမ်းအနားကို ဇွန် ၅ ရက်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်၌ပြုလုပ်ကာ ဂူသွင်းသဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဇေယျကျော်ထင်နှင့် သူရဘွဲ့ချီးမြှင့်ခံခဲ့ရသည်။ ထို့နောက် ၁၉၈၈ ခုနှစ်တွင် NLD ပါတီတည်ထောင်ရာ၌ ပါဝင်ခဲ့ပြီး စစ်အာ ဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုများတွင် ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်တဦးလည်း ဖြစ်သည်။

ပုံစာ – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *