အချင်းချင်းတော့ ကိုက်ကုန်ကြပြီ

ဟော — အချင်းချင်းတော့ ကိုက်ကုန်ကြပြီ။

တကယ်တော့ ရခိုင်မှာလှေမှောက်တဲ့ ကိစ္စကို အကြမ်းဖက်ကောင်တွေက AA က လုပ်တဲ့ပုံစံမျိုးဖြစ်အောင် ဖန်တီးနေတာ ။

ဒင်းတို့ကြံနေတာက စစ်ရှုံးလို့ထွက်ပြေးလာတဲ့ ရဲမိသားစုကို AAက လူသားချင်းမစာမနာနဲ့ ရေထဲထိလိုက်ပစ်လို့ သေကြရတာပါဆိုပြီး လူမျိုးရေးသွေးကွဲအောင် မှိုင်းတိုက်ဖို့ကြံနေတာ။

ပြီးရင် ဒီကိစ္စကိုအရင်းပြုပြီး ရန်ကုန်နဲ့ မန်းလေးလိုမြို့ပေါ်မှာရှိကြမယ့် ရခိုင်လူမျိုးတွေကိုပါ အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် ကြံထားပြီး လှေမှောက်တဲ့ ကိစ္စကို သူတို့ချင်းလုပ်တာမသိအောင် တကယ့်အဖြစ်မှန်ပါတဲ့ အပိုင်းကို ဖြတ်ညှပ်ကပ်လုပ်ပြီး ဝါဒဖြန့်တော့မှာ။

ဒါပေမယ့် ဖြစ်ချင်တော့ ဒီကောင်တွေကို စိတ်နာသွားတဲ့ ရဲတစ်ကောင်က ဒီကိစ္စကို ဖွင့်ချလိုက်တော့ ခွေးတွေဆင်ထားတဲ့ အကွက်ကပျက်သွားပြီး ဒုက္ခတွေကိုရောက်ရော။

နဂိုကမှ စစ်တပ်ထဲမှာ ရဲဆိုခိုင်းဖက်လို၊ကျွန်လိုသဘောထားပြီး ခွဲခြားဆက်ဆံကြလို့ ဒီကောင်တွေအချင်းချင်းမတည့်ဘဲ အထက်အောက်ကပြဿနာဖြစ်နေတာဆိုတော့ ခုလို ရဲမိသားစုတွေကို စစ်တပ်က လှေပေါ်မတက်ခိုင်းဘဲ ပြန်ပစ်တယ်ဆိုတဲ့ ကိစ္စကိုတခြားရဲတွေသိကုန်ရင် တပ်ထဲမှာသွေးကွဲပြီး ပုန်ကန်မှုတွေ ဖြစ်လာမှာကိုကြောက်နေကြပြီလေ။

Ma Shwe Moe

ကဲ … ဘာပြောမလဲ ဒီကောင်တွေဆီမှာ ရဲဘော်ရဲဘက်စိတ်ရှိလား မရှိလားဆိုတာ မြင်ပြီမလား။

ဒီလိုစိတ်နဲ့များ အသေခံပြီး တိုက်နေသေးတယ်။

ငါသာဆို သေရမယ့်အတူတူ နောက်လှည့်ပြီးအကုန်လုံးကိုပစ်သတ်မှာ။

အခုတော့ ကိုယ်ကရှေ့မှာလည်း အသေခံရတဲ့အပြင် နောက်ကကိုယ့်မိသားစုတွေပါ မကယ်ဘဲ သေနတ်နဲ့ပြန်ပစ်တဲ့ကောင်တွေကို ဘယ်လိုစိတ်နဲ့များ ခေါင်းငုံ့ခံနေကြလဲမသိဘူး ငါသာဆို ကမ္ဘာမကြေဘူး။

Gen-Z Phoe Maung

မောင်တော၊ နခခ ၄ နှင့် ၉ မှ ဆုတ်ခွာလာသော ရဲများ၊ မိသားစုဝင်များကို စစ်တပ်ကမ်းထိုးစစ်ရေယာဉ်က မကယ်ဆယ်ဘဲ သေနတ်ဖြင့် ပစ်ခတ်မှု စက်လှေတိမ်းမှောက်ပြီး အမျိုးသမီးနှင့်ကလေးများ ရေနစ် ပျောက်ဆုံး (ရုပ်/သံ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ) ၄ နှင့် ၉ မှ ဆုတ်ခွာလာသော ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို စစ်တပ်ကမ်းထိုးရေယာဉ်က မကယ်ဆယ်၊ အနားအကပ်မခံဘဲ သေနတ်ဖြင့် ပစ်ခတ်သဖြင့် စက်လှေတိမ်းမှောက် ရဲမိန်းမနှင့်ကလေးများ ရေနစ် ပျောက်ဆုံးခဲ့ကြောင်း နေပြည် တော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တချို့၏ ဆွေမျိုးများက ပြောဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA က နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲစခန်း(နခခ) များကို တိုက်ခိုက်လျက်ရှိရာ နခခ ၄ နှင့် နခခ ၉ မှ တပ်ဖွဲ့ဝင်များ ဆုတ်ခွာရန် အမိန့်ကျလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီတပ်က ကမ်းထိုးရေယာဉ်ဖြင့် ကယ်ဆယ်ရန်ဟုဆိုကာ ရောက်ရှိလာကြောင်း၊ ထိုအချိန် နခခ ၄ နှင့် နခခ ၉ မှ အရာရှိကြီးများက စက်လှေဖြင့် ကယ်ဆယ်ရေး ကမ်းထိုးရေယာဉ်သို့ ပထမဦးဆုံးသွားရောက်ကြကြောင်း၊ ထို့နောက် ကျန်ရစ်သော ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ အမျိုးသမီးများ၊ ကလေးများက စက်လှေ ၂ စီးဖြင့် ကယ်ဆယ်ရေး ကမ်းထိုးစစ်ရေယာဉ်ဆီသို့ သွားရောက်ကြရာတွင် ယင်းစက်လှေ ၂ စီးကို အကပ်မခံဘဲ သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ ထို့ကြောင့် ကမ်းသို့ ပြန်လာစဉ် လှိုင်းကြီးသဖြင့် စက်လှေ ၂ စီးလုံးမှောက်သွားပြီး အမျိုးသမီးနှင့်ကလေးများ ရေနစ် ပျောက် ဆုံးခြင်း၊ ရေနစ် သတိမေ့မြောခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“ကျမတို့ဆီကို နယ်ခြားစောင့်ရဲ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ရောက်တယ်။ မနေ့ မွန်းလွဲလောက်ကစပြီး လိုင်းပေါ်မှာလည်း အဲဒီဗီဒီယိုပြန့်တယ်။ အဲဒါ ဒီဇွန်လဆန်းမှာဖြစ်တာ အတည်ပြုလို့ရတယ်။ ဇွန်လ ၇ ရက်နေ့လို့ သိရတယ်။ ဖြစ်စဉ်ကတည်း တကယ်ဖြစ်သွားတာ။ ကမ်းထိုးစစ်ရေယာဉ်က မကယ်ဘဲ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသား စုဝင်တွေပါတဲ့ စက်လှေကို ပစ်ခတ်တာ။ အခုလည်း နခခ စခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေ မိသားစုဝင်တွေနဲ့ အဆက် အသွယ်ပြတ်နေတယ်” ဟု နေပြည်တော်တွင်နေထိုင်သော နခခ ၇ မှ ပျောက်ဆုံး ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်သူက ပြောဆိုသည်။

မောင်တောမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ကိုယ်တိုင် ရိုက်ကူးထားသော ဗီဒီယိုတွင် စစ်ကောင်စီ၏ ကမ်းထိုးစစ်ရေယာဉ်က ပစ်ခတ်သဖြင့် စက်လှေပေါ်မှ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ ကမ်းသောင်ပြင်ပေါ်တွင် လှေမှောက်၊ ရေနစ်ပြီး အသက်လုနေရသည့် မြင်ကွင်းများကို မြင်တွေ့ရသည်။

“နယ်ခြားစောင့် ၄ နဲ့ နယ်ခြားစောင့် ၉ ရဲ့ ကျန်ရှိ တပ်ဖွဲ့ဝင်တွေနဲ့ ဆုတ်ခွာတဲ့အချိန်မှာ ကမ်းထိုးနဲ့ဆိုတော့ စက်လှေနဲ့ ကဲ့ပေးမယ်လို့ ဗျူဟာက ချိတ်ပေးတော့ မောရ၀တီဗျူဟာက ချိတ်ပေးတဲ့အတွက် တပ်မမှူး အမိန့်လည်းရပြီ။ ကွပ်ကဲရေးမှူး အမိန့်လည်းရပြီဆိုတော့ ဆုတ်မယ်ပေါ့ ကျနော်တို့။ သူတို့အရင် စက်လှေတစ်စီးနဲ့ ကမ်းထိုးကို အရင်သွားတယ်။ အဲဒီကမ်းထိုးသင်္ဘောဆီကိုရောက် နောက်ကျန် တပ်ဖွဲ့ဝင်တွေကို မိန်းမတွေ သားသမီးတွေ၊ ကလေးတွေ လက်ကျန်တပ်ဖွဲ့ဝင်တွေကို ဒဏ်ရာရသူတွေကို သွားပို့တဲ့အချိန်မှာ စက်လှေ ၂ စီးလုံးကို သေနတ်နဲ့ပစ်လွှတ်တယ်။ ကမ်းထိုးပေါ် အတက်မခံဘူးတဲ့။ အကပ်လည်း မခံဘူးတဲ့ ။ အဲဒါ ပြန်လှည့်လာတော့ ကမ်းခြေမှာ လှိုင်းတအားကြီးတော့ စက်လှေ မှောက်တယ်ဗျာ။ ရဲမိန်းမ ၂ ယောက်၊ ကလေး ၂ ယောက် ရှာမရဘူး။ ဟိုမှာလည်း ကလေး ၂ ယောက်က မွန်းပြီး မျောနေပြီ” ဟု အဆိုပါ ဗီဒီယိုတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုထားသည်။

စစ်ကောင်စီ၏ ကမ်းထိုးစစ်ရေယာဉ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုများနှင့် ကလေးများလိုက်ပါသော စက်လှေကို မကယ်ဆယ်ဘဲ ပစ်ခတ်ကြောင်း သိရှိရသဖြင့် နယ်ခြားစောင့်ရဲများ၏ မိသားစု၊ ဆွေမျိုးများက လူမှုကွန်ရက်တွင် ဒေါသတကြီးဖြင့် တုံ့ပြန် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

စစ်ကောင်စီတပ်မှ ခေါင်းဆောင်များသည် လူ့အသိစိတ်ဓါတ်ပျောက်ဆုံးသွားပြီဟု အာရက္ခတပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်လှေတိမ်းမှောက် ဗီဒီယိုနှင့်တကွ ထုတ်ပြန်ပြောဆိုထားသည်။

” တပ်ပျက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ သူတိုအချင်းချင်းကြား လူသားချင်းစာနာစိတ်ကင်းမဲ့မှု၊ စစ်ခေါင်းဆောင်တပ်မှူးကြီးများ၏ ခေါင်း ဆောင်မပီသမှု၊ ကိုယ်လွတ်ရုန်းထွက်ပြေးမှုနှင့် လူ့အသိစိတ်ဓါတ်ပျောက် ဆုံးမှုတိုကို ရှင်းရှင်းလင်းလင်းဖော်ပြနေသည့် စစ်ကောင်စီတပ်ဖွဲဝင်များကိုယ်တိုင်ရိုက် ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။ ” ဟု ယနေ့တွင် ဦးခိုင်သုခက ထုတ်ပြန်ပြောထားသည်။

လက်ရှိတွင် မောင်တောမြို့နယ်ရှိ “တာဝါတိုင်စခန်း” ကို ဇွန်လ ၂ ရက်၊ ညနေ ၅ နာရီအချိန်တွင်လည်းကောင်း၊ “ကျောက်ပန္ဒူစခန်း” ကို ဇွန်လ ၃ ရက်၊ နံနက် ၅ နာရီ ၄၀ မိနစ်တွင်လည်း ကောင်း၊“ခွဆုံပြင်စခန်း” ကို ဇွန်လ ၄ ရက်နေ့၊ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင်လည်းကောင်း၊ “မြင်းလွှတ်စခန်း” ကို ဇွန်လ ၄ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင်လည်းကောင်း၊ “အင်းဒင်စခန်း” (သို့မဟုတ်) “နခခ ၆ စခန်း” ကိုဇွန်လ ၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် လည်း ကောင်း၊ “နခခ (၉) စခန်း” ကို ဇွန်လ ၇ ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန်တွင်လည်းကောင်း AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *