၃ လခွဲနီးပါး စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၂၅ ခု နှင့် မြို့ ၅ ခုကို KIAက သိမ်းပိုက်

ကချင်ပြည်တွင် ၃ လခွဲနီးပါး စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၂၅ ခု နှင့် မြို့ ၅ ခုကို KIAက သိမ်းပိုက်

တရုတ်-မြန်မာနယ်စပ်မြို့ လွယ်ဂျယ်မြို့၊ ဆင်ဘိုမြို့၊ ဆွမ်ပရာဘွမ်မြို့၊ မြို့လှ၊ ဆဒုံးမြို့ တို့ကို KIO က ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်

ကချင်ပြည်နယ်တွင် ၃လခွဲနီးပါးကြာ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၂၅ ခုနှင့် မြို့ ၅ ခုကို KIA က သိမ်းပိုက်ရရှိထားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၇ ရက်နေ့မှ ယနေ့ ဇွန်လ ၁၃ ရက်နေ့အထိ စစ်ဆင်ရေးကာလအတွင်း KIA ဦးဆောင်သော တော် လှန်ရေးတပ်များက စစ်ကောင်စီ၏ အဓိက စစ်စခန်းကြီးများအပါအဝင် စခန်းပေါင်း ၁၂၅ ခုကို သိမ်းပိုက်ရရှိထားကြောင်း၊ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော လွယ်ဂျယ်မြို့၊ ဆင်ဘိုမြို့ ၊ ဆွမ်ပရာဘွမ်မြို့ ၊ ဆဒုံးမြို့၊ မြို့လှမြို့ အပါအဝင် မြို့ ၅ ခုကိုလည်း KIO က အပြည့်အ၀ ထိန်းချုပ်ထားကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ ကုန်းလမ်းဆက်သွယ်ရေး အဓိက လမ်းမကြီးများမှာလည်း KIA စိုးမိုးမှု လက်အောက်သို့ ကျရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။

လတ်တလော တိုက်ပွဲများသည် မြစ်ကြီးနား၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊တနိုင်း၊ပူတာအို၊ဖားကန့်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူနှင့် ဝိုင်းမော်မြို့နယ်တို့တွင် ဖြစ်ပွားလျက်ရှိပြီး ကချင်ပြည်နယ်အတွင်းရှိ လမ်းပန်း ဆက်သွယ်ရေးနှင့် ကျေးလက်ဒေသများအားလုံးကို KIA က ထိန်းချုပ်ထားနိုင်ပြီဖြစ်​ကြောင်း သိရှိရသည်။

ဇွန်လ ၁၁ ရက်နေ့တွင် KIA က ဆဒုံးမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဇွန်လ ၁၂ ရက်နေ့ စစ်ကောင် စီ၏ ဆဒုံးဗျူဟာတပ်စခန်းကြီး ကချင်အမျိုးသားအလံလွှင့်ထူခဲ့ကြောင်း၊ စစ်ကောင်စီ၏ အင်အားကြီး မားသော ဆဒုံးဗျုဟာတပ်စခန်းကြီးကို KIA နှင့် တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဆဒုံးဗျူဟာတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူး အပါအဝင် တပ်သားအများအပြား သေဆုံးသွားခဲ့ပြီး စစ်လက်နက်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

KIA ၏ ၃လခွဲနီးပါးကြာ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်း ၁၂၅ ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ခယာဘွမ်တပ်စခန်းကြီးနှင့် ကာကင်းစခန်းများ
၂။ လဂတ်ကောင်စခန်း
၃။ ဟန်းကိုင်တောင်စခန်း ခလရ-၁၄၂ (လက်နက်ချ)
၄။ မလိယာန်တပ်စခန်း ခလရ-၄၆
၅။ ဘွမ်ရယ်ဘွမ်တပ်စခန်းကြီးနှင့် ကာကင်းစခန်းများ
၆။ ပန်စွန်တပ်စခန်း
၇။ ဂေါ့ငူကောင်စခန်း
၈။မလိယာန်စခန်း
၉။ အင်လုံခတပ်စခန်း
၁၀။ အင်တပ်ဘွမ်တပ်စခန်း
၁၁။ ဖွန်းပြန်ဘွမ်တပ်စခန်း
၁၂။ တာပိန်မြစ်တံတားစခန်း
၁၃။ ရှဒန်ပါတပ်စခန်း
၁၄။ ကစဲန်ကောင်တပ်စခန်း
၁၅။ ခဂျလုတပ်စခန်း
၁၆။ နမ့်ဖတ်ခတံတားစခန်း
၁၇။ မြို့သစ်တံတားတပ်စခန်းနှင့် ကာကင်းများ
၁၈။ တာမခန်တပ်စခန်း ခမရ-၁၁၉
၁၉။ နောင်ရာဇင်ခန် တပ်စခန်း
၂၀။ ကသိုဏ်းတောင်တပ်စခန်း
၂၁။ တန် (၃၀၀၀)တပ်စခန်း
၂၂။ ဆိုင်းတောင်ရဲစခန်း
၂၃။ ဒါဆိုင်း ခလရ-၂၃၇ တပ်စခန်း
၂၄။ လီဆူပါဂျောင်တပ်စခန်း
၂၅။ လုံရော့ခ်တပ်စခန်း
၂၆။ ဘွမ်ဆေ(င်)တပ်စခန်း
၂၇။ ခလုန်ကရုန်တပ်စခန်း
၂၈။ ဆန်ဂန်တပ်စခန်း
၂၉။ မန်ဒါတပ်စခန်း
၃၀။ ဘွမ်ကပေါ်တပ်စခန်း
၃၁။ ဖကော်န်တပ်စခန်း
၃၂။ နမ့်ဂေါ်န်ရှိ ခလရ-၂၉၇ တပ်စခန်း
၃၃။ ခမရ-၄၃၈ ရှန်တုံတပ်စခန်း
၃၄။ နာဖော့ဗျူဟာတပ်စခန်းကြီးနှင့် ကာကင်းများ
၃၅။ (၆၆၇)တပ်စခန်း
၃၆။ ရင်ဆိုင်ကုန်းတပ်စခန်း
၃၇။ နွမ်းလန့်ရှိ ခမရ- ၄၃၈ တပ်စခန်း
၃၈။ ခမရ-၆၁၆ ဒုံးတပ်ရင်း
၃၉။ နောင်ဂေါန်ရှိ အမြောက်တပ် ခမရ-၃၇၀
၄၀။ မိုင်းခေါင်ရှိ ခလရ-၁၂၁ (စခန်းစွန့်ပြေး)
၄၁။ လွယ်ခမ်းဗျူဟာစခန်း (စခန်းစွန့်ပြေး)
၄၂။ ခမရ-၄၂၆ တပ်စခန်း (စခန်းစွန့်ပြေး)
၄၃။ ကုန်းလောရှိ ခမရ- ၃၈၇တပ်စခန်းကြီး
၄၄။ ခမရ- ၃၂၀ တပ်ရင်းဌာနချုပ်
၄၅။ စလောင်းကုန်းပင်မ တပ်စခန်းနှင့် ကာကင်းများ
၄၆။ လုံဂျာဘွမ်တပ်စခန်း
၄၇။ ယော်ယုံဗျူဟာတပ်စခန်းကြီး
၄၈။ ရှန်တိုင်တပ်စခန်း
၄၉။ ဖာလန်င်းတပ်စခန်း
၅၀။ ဘန်ယောင်တပ်စခန်း
၅၁။ လော့မွန်တပ်စခန်း
၅၂။ လော့ဒန်တပ်စခန်းကြီး
၅၃။ ငါ့ဂရန်တပ်စခန်း
၅၄။ ဂေါင်ငူကောင်တပ်စခန်း
၅၅။တိန်ရောင်တပ်စခန်း(စခန်းစွန့်ပြေး)
၅၆။ လွယ်ယိန်းတပ်စခန်း (စခန်းစွန့်ပြေး)
၅၇။ ဒွမ်ဘောင်ဘွမ်စခန်း (စခန်းစွန့်ပြေး)
၅၈။ ပန်ခရမ်တပ်စခန်း
၅၉။ ဝါလိုင်ပင်ယာတပ်စခန်း
၆၀။ ဗျင်ဝိုင်တပ်စခန်း
၆၁။ စိန်လုံ ဗျူဟာကုန်းစခန်း နှင် ကာကင်းစခန်းများ
၆၂။ ဒါဂေါ အထက် မိုင်ဆတ်ကောင်စခန်း
၆၃။ လွယ်ဂျယ်မြို့
၆၄။ မိုးမောက်မြို့အထက် ခဝမ်ဘန် ကျောက်စခန်း
၆၅။ မဒါ ဘွမ် စခန်း
၆၆။ ဗန်းမော် – မန္တလေး လမ်းပေါ်က ဟန်ထက် စစ်စခန်း
၆၇။ ဖားကန့် ဆယ်ဇင်း ရဲစခန်း
၆၈။ ကားမိုင်း – ဖားကန့် လမ်းပေါ်ရှိ နန့်ယား တပ်စခန်း
၆၉။ ဖားကန့် ဆယ်ဇင်း တပ်စခန်း နှင့် ရှမ်းနီ တပ်
၇၀။ ငါးမော်ဇွပ် တပ်စခန်း၊ ဆော့လော်
၇၁။ အင်ဂါဂါ ပယင်းတောင် (နွယ်ဂျယ်ဘွမ်)
၇၂။ လွယ်ဆိုင် တောင် တပ်စခန်း၊ တာဝါတိုင် (ကားမိုင်း- ကျခရောင် လွယ်ဆိုင် – မအူပင် ကြား) စခန်းစွန့်ခွာ ၇၃။ ဝလူဘွမ် တပ်စခန်း လီဒိုလမ်း
၇၄။ ခမရ ၁၁၆၊ ဆယ်ဇင်း တပ်စခန်း
၇၅။ အမှတ် ၁၄၁ ခြေလျင်တပ်ရင်းနှင့် ဆင်ဘိုမြို့
၇၆။ ဆွမ်ပရာဘွမ် မြို့နှင့် အမှတ် ၄၆ ခြေလျင် တပ်ခွဲ
၇၇။ ဆမားကောင် တပ်စခန်း ( ဗန်းမော် – မြစ်ကြီးနား ကားလမ်း)
၇၈။ ငါးဂရန်ဘွမ်တပ်စခန်း
၇၉။ ပုန်းလိမ်ကုန်း
၈၀။ဂမ်ဂယာစခန်း
၈၁။ အင်ခရမ်စခန်း
၈၂။ လိုင်ဖောင်စခန်း
၈၃။ဖောင်ဒေါ့
၈၄။လော့ခွမ်
၈၅။လော့ဖြိုး
၈၆။ ကဂမ်ဘွမ်
၈၉။ကဇူး
၉၀။ ဒဘတ်
၉၁။ဘင့်ပူကောင်
၉၂။ အောင်မြေ ၁ ၊ အောင်မြေ ၂
၉၃။ ဒိန်ဂါ
၉၄။အင်းလေး
၉၅။ခါးရှီ
၉၆။ ရွှေညောင်ပင် ခမရ ၃၂၁
၉၇။ တနိုင်း နမ်ဗျူစခန်း
၉၈။ ၀ထောင်ဘွမ်
၉၉။ ရတမ ၄၃၈ စခန်း
၁၀၀။ မိုးမောက်မြို့နယ်ရဲစခန်း
၁၀၂။ မံစီမြို့နယ်ရဲစခန်း
၁၀၃။စင်းခန်းရွာစစ်တပ်စခန်း
၁၀၄။ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း) လုံခြုံရေးဂိတ်စခန်း
၁၀၅။စင်းခန်းနယ်မြေရဲစခန်း
၁၀၆။ ခလောင်ကောင်(ရေကန်တောင်) စစ်တပ်စခန်း တနိုင်း
၁၀၇။ နောင်စီပါစစ်တပ်စခန်း၊ ၀ိုင်းမော်မြို့နယ်
၁၀၈။​၁၃-မိုင်စုပေါင်းဂိတ်စခန်း
၁၀၉။ ၁၉-မိုင် ပသစ စခန်း
၁၁၀။ ဘွမ်တောင် ကသစ စခန်း
၁၁၁။ အင်ဝမ့်ဟန် ကသစ စခန်း
၁၁၂။ဆဒုံးရေတံခွန်ဂိတ်စခန်း
၁၁၃။ဆဒုံးဗျူဟာတပ်စခန်း
၁၁၄။လုဂျီ BGF စခန်း
၁၁၅။ ဝူရော်ဘွမ်တပ်စခန်း
၁၁၆။ဂေါ့နန် ပသစ စခန်း
၁၁၇။လဖိုင် BGF စခန်း
၁၁၈။လုမြန် ပြည်သူ့စစ် စခန်း
၁၁၉။ ဆဒုံးမြို့အဝင်ဂိတ်စခန်း
၁၂၀။ဆဒုံးမြို့ ရဲစခန်း
၁၂၁။ဆဒုံးမြို့ထွေအုပ်ရုံး
၁၂၂။ ဆဒုံးစုပေါင်းဂိတ်စခန်း
၁၂၃။ လီဆူ ပြည်သူ့စစ် စခန်း
၁၂၄။ တရုတ် ပြည်သူ့စစ် စခန်း
၁၂၅။နာ့ရိုစခန်းကုန်း

KIA သိမ်းပိုက်လိုက်သည့် ဆဒုံးဗျူဟာတပ်စခန်း

ကချင်ပြည်နယ်၊ ဝိုင်းမော်-ကန်ပိုက်တီလမ်းပိုင်းရှိ ဆဒုံးမြို့အပါအဝင် စစ်ကောင်စီတပ်၏ အထိုင်စခန်းများကို ဇွန်လ ၁၁ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်သည်။

ထိုအထဲတွင် ယခုရုပ်သံပါ စစ်ကောင်စီ၏ အရေးပါသော ဆဒုံးဗျူဟာစခန်းလည်း ပါဝင်ပြီး၊ KIAက သိမ်းပိုက်ပြီးနောက် တရုတ်−မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ ကန်ပိုက်တီတွင် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်သွားပြီ ဖြစ်သည်။

ဝိုင်းမော်မြို့နယ်အတွင်း ပါဝင်သည့် ဆဒုံးမြို့သည် မြို့နယ်ခွဲအဆင့်ရှိပြီး၊ တရုတ်နယ်စပ်ရှိ ကန်ပိုက်တီအနီးတွင် တည်ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *