တိုက်ပွဲအတွေ့အကြုံမရှိသေးတဲ့ ရဲဘော်တွေကို စစ်ခေါင်းဆောင်တွေရဲ့ ပုံတွေချိတ်ထားတဲ့ စက်ပစ်ကွင်းမှာ လေ့ကျင့်ပေးခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၃ က တိုက်ပွဲအတွေ့အကြုံမရှိသေးတဲ့ ရဲဘော်ရဲမေတွေကို အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ ပုံတွေ ချိတ်ထားတဲ့ စက်ပစ်ကွင်းမှာ ဇွန်လ ၅ ရက်က လေ့ကျင့်ပေးခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။

စက်ပစ်ကွင်းမှာ မီတာ ၁၀၀ နဲ့ ၁၅၀ အကွာအဝေးတို့မှာ အကြမ်းဖက်စစ်ခေါင်းဆောင်တို့ရဲ့ ပုံတို့ကို ချိတ်ဆွဲပြီး ရဲဘော်တွေနဲ့ ရဲမေတွေက ချိန်ရွယ်ပစ်ခတ်နည်း ပုံစံမှန်မှန်နဲ့ ပစ်ခတ်လေ့ကျင့်ခဲ့ရာ ပစ်မှတ်မှန်ကန်မှုအလိုက် ရမှတ် သတ်မှတ်ပေးထားပြီး ထိမှန်အောင် ပစ်ခတ်နိုင်သူတွေကို ဆုချီးမြှင့်ခြင်းနဲ့ ပစ်မှတ်လွဲချော်သူများအား ပြစ်ဒဏ်ပေးခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *