ထွေအုပ်ရုံးတွင် ကျင်းပနေသည့် ဗိုလ်ကြီး ၁ ဦး၏ မင်္ဂလာဆောင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်

ပုလဲမြို့၊ ထွေအုပ်ရုံးတွင် ကျင်းပနေသည့် ဗိုလ်ကြီး ၁ ဦး၏ မင်္ဂလာဆောင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့၊ ထွေအုပ်ရုံးတွင် ကျင်းပနေသည့် ဗိုလ်ကြီး ၁ ဦး၏ မင်္ဂလာဆောင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF မှတာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မှ ၁ နာရီ ၃၀ မိနစ်ထိ ပုလဲမြို့ ထွေအုပ်ရုံးတွင် ကျင်းပနေသည့် ခလရ ၃၁၃ တပ်ရင်း မှ ဗိုလ်ကြီး လှိုင်မျိုးဆွေနှင့် အင်မထီးရွာသူ ကျောင်းဆရာမ မာလာစီတို့၏ မင်္ဂလာဆောင်ကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ၊ ၆၀ မမ ၊ ၉၀ မမ ၊ ပေါင် ၃၀၀ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး လက်နက်ငယ်များ စနိုက်ပါများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ထိခိုက်သေဆုံးမှု ရှိမရှိတော့ အတည်မပြုနိုင်သေးဘူး။ တော်လှန်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Chindwin Toe Na Yar PDF မှတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF ၊ ယင်းမာပင်ခရိုင် တပ်ရင်း – ၂၉ ခွဲ၂ (ROUND TIGER People) နှင့် ယင်းမာပင်ခရိုင် တပ်ရင်း -၁၁ (ကျားသစ်နက်) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *