အယောင်ဆောင်သာသနာပြုသူရဲ့ မျက်နှာဖုံးကွာကျခြင်း

“လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ်လိမ်ပါ”လို့ ကမ္ဘာကျော် အာဏာရှင် ဟစ်တလာက ပြောခဲ့ဖူးပြီး အဲဒီနည်းနဲ့ပဲ ကမ္ဘာကိုလူလည်ကျခဲ့ပါတယ်။ ဂျူးလူမျိုးသန်းချီပြီး သတ်ပစ်ခဲ့ပါတယ်။

ဟစ်တလာလိုကမ္ဘာမကျော်ပေမယ့် သူယုတ်မာအဖြစ်အပုပ်နံ့တထောင်းထောင်းနဲ့ မ​ကောင်းသတင်းနဲ့​ဒေသတွင်း​အော​​​ကြောလန်တဲ့ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်​ကောင်စီကလည်း တိုင်းသိပြည်သိအမှန်တရားကို လိမ်ဖို့ ကြိုးစား​နေကြပါတယ်။

ကြိုတင်ပြင်ဆင်ပြီးထားခြင်းမရှိခဲ့ဘဲ ရုတ်တရက် မျက်နှာပြောင်တိုက်မှဖြစ်တော့မယ့် ပြဿနာတစ်ခုက နေပြည်တော်က အာဏာလုထားတဲ့ စစ်ဗိုလ်ချုပ်​တွေကြား ဇွန် ၂၀ ရက်ကစ​ရောက်လာတာပါ။

ပြဿနာရဲ့အစက ဒီလိုပါ။

နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင် ငြိမ်း၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ (ဇွန်လ ၁၉ ရက်)မနက်က မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟိုဌာန)မှာ ဇွန် ၂၀ မှာပြုလုပ်မယ့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေးအတွက် အကြိုညှိနှိုင်းဖို့ ရန်ကုန်မြို့ကနေ လေယာဉ်နဲ့ တံတားဦးလေဆိပ်ကို ကြွရောက်လာခဲ့ပါတယ်။ဆရာတော်နဲ့အတူ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပရိယတ္တိစာသင်တိုင် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း) ဘဒ္ဒန္တဂုဏိကာဘိဝံသလည်း ကြွချီခဲ့ပါတယ်။

တံတားဦးလေဆိပ်အရောက် ကံသုံးဆင့်ဆရာတော်ရဲ့ ဒါယိကာမမှ ဆွမ်းကပ်ကာ ကံသုံးဆင့်ဆရာတော်ရဲ့ ဇာတိဖြစ်တဲ့ ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို လာကြိုတဲ့ ဒကာရဲ့ကားနဲ့ကြွချီကြပါတယ် ။

ကား​ရှေ့ခန်းမှာဝင်းနိမ္မိတာရုံဆရာတော်နဲ့ ယာဉ်မောင်းထိုင်ပါတယ်။ ကားနောက်ခန်းမှာတော့ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်ဆရာတော်လိုက်ပါလာပါတယ်။

တံတားဦးလေဆိပ်ကနေထွက်ခွာလာပြီး ငါန်းဇွန်မြို့နယ်ထဲအရောက်မှာတော့ သွေးဆာနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားလမ်းဘေးဝဲယာတလျှောက် ကင်းပုံဝပ်နေတာကို ဆရာတော်ကြီး​တွေနဲ့ ယာဥ်​မောင်းမသိရှာပါဘူး။ ဆရာတော်ကြီးလိုက်ပါလာတဲ့ကားဟာ မြို့သာနဲ့ ကမ္မရွာကြားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၊ပျူ​စောထီး​တွေက ​ဖော်ကား​ပေါ်က စစ်သား​တွေက ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့ကြပါတယ်။

ဖြစ်စဉ်ကိုအနှစ်ချုပ်လိုက်ရင် ကားရှေ့ခန်းမှာလိုက်ပါလာတဲ့ဆရာတော်ကြီး နေရာမှာတင် ပျံလွန်တော်မူပါတယ်။ယာဥ်မောင်းနဲ့ နောက်ကလိုက်လာတဲ့ ဆရာတော်တပါး ဒဏ်ရာရရှိသွားပါတယ်။

ဒီသတင်းဟာ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းမှာ နာရီပိုင်းအတွင်း တမဟုတ်ချင်း ဟိန်းထွက်လာပါတယ်။

” သာသနာပြုမင်းကြီး လက်စလက်နကြမ်းလှပါလား”

” ဂူကြီး(အာဏာသိမ်းခေါင်းဆောင်ရဲ့မင်းဆရာတော် သီတဂူဆရာတော်)ရေ ဒီတခါမင်းတပည့်ကိုဘယ်လိုကာကွယ်မလဲ” စတဲ့ မှတ်ချက်တွေနဲ့ လူမှုကွန်ရက်မှာ အုတ်အော် သောင်းနင်းဖြစ်နေပါတယ်။

အာဏာလုခေါင်း‌ဆောင်ဟာ ဗုဒ္ဓဘာသာအရေခြုံမျိုးချစ်ပုဂ္ဂိုလ်တွေအသိုင်းအဝိုင်းမှာ နယ်နယ်ရရပုဂ္ဂိုလ်မဟုတ်ပါဘူး။ တက်လာသမျှအစိုးရတွေနဲ့ ပလဲပနံသင့်အောင်ပေါင်းတတ်သင်းတတ်ပြီး ကမ္ဘာကျော်တန်ဖိုးကြီးကားတွေထည်လဲစီးတတ်တဲ့ သီတဂူဥလျှောင် ဘုန်းကြီးဒေါက်တာအရှင်ဉာဏိဿရကိုယ်တိုင်သဒ္ဓါ၊ ပညာအားကောင်းတဲ့မင်းလို့ မြှောက်ပင့်ပေးထားခြင်းခံထားရသူပါ။ ဗိုလ်ချုပ်မှူးကြီးကမကြာသေးခင်ကပဲ သူ့ကို ထောက်ခံတဲ့ ဆရာတော်နှစ်ပါးကို တန်ဖိုးကြီးဇိမ်ခံကားတစ်စီးစီ ပူဇော်ပသထားတာပါ။

အခုလို နိုင်ငံတော်အဆင့်ကျမ်းပြုဆရာတော်တစ်ပါးရဲ့ အသက်ဇီဝိန်ကို သူ့တပည့်တပန်းတွေက ‌လက်ရဲဇက်ရဲ ခြွေချလိုက်တဲ့အတွက် နေပြည်တော်က စစ်ခေါင်းဆောင် ခေါင်းမီးတောက်သွားပါတယ်။တချိန်တည်းမှာပဲ သူ့ရှေ့ကသွားလေသူနောင်တော်ကြီး ဟစ်တလာရဲ့လမ်းစဉ်အတိုင်း လိုက်ဖို့ဆုံးဖြတ်လိုက်ပုံရပါတယ်။

ဒါကတော့ မဟနငြိမ်း ၊ဝင်းနိမ္မတာရုံဆရာ တော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို PDF တွေက ပစ်ခတ်သတ်ဖြတ်တာလို့ လိမ်လည်တဲ့သတင်းကို မြန်မြန်ဆန်ဆန်ထုတ်ပြန်ဖို့ အမိန့်ပေးလိုက်တာပါပဲ။

ကားပေါ်မှာ မ​သေဘဲကျန်ရစ်ခဲ့တဲ့ ယာဉ်မောင်းနဲ့ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်ကို မန္တလေးနန်းတွင်းထဲခေါ်သွားပါတယ်။ ကားကို PDF တွေက ပစ်တာပါလို့ ယာဉ်မောင်းကို ဖြောင့်ချက်ပေးခိုင်းပါတယ်။ စာကျက်သလိုကျက်ထားတဲ့ ယာဉ်မောင်းရဲ့ဖြောင့်ချက်ကို စစ်အုပ်စုက ခပ်မြန်မြန်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် သူထင်သလို အလုပ်မဖြစ်ခဲ့ပါဘူး။

နိုင်ငံပိုင်မီဒီယာကနေ ည ၈နာရီသတင်းမှာ မကြေညာခင်မှာပဲ စစ်တပ်ရဲ့လော်ဘီလူမှုကွန်ရက်အကောင့်တွေမှာ “လုံခြုံရေးအရဆိုရင်တော့ ဘုန်ကြီးကားလည်း ပစ်ရမှာပဲ” PDF ဆိုတာ နဖူးမှာစာရေးမထားဘူး” စသဖြင့် ရေတင်ထားပြီးပါပြီ။ ဒါ​ပေမယ့် ဆရာ​တော်ကြီး​တွေရဲ့ ဒါယိကာတချို့ရယ်၊မျက်မြင်​တွေ့ရှိသူ​တွေက စစ်တပ်ကပစ်သတ်တာလို့မီဒီယာ​တွေကို​ဖြေခဲ့ကြပါတယ်။ဒါအပြင် ပြင်ပကိုပေါက်ကြားလာတဲ့ မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူးက နေပြည်တော်သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကို အခင်းဖြစ်ပြီးနာရီပိုင်းအတွင်းပို့ခဲ့တဲ့ ရုံးစာကလည်း စစ်​ကောင်စီ ​ရှေ့ကဖုံးသမျှ ​နောက်က​ပေါ်​စေခဲ့ပါတယ်။

ထူးခြားဖြစ်စဉ် ကနဦးသတင်းတင်ပြခြင်းဆိုပြီး ပို့ခဲ့တဲ့ ရုံးစာမှာဆရာတော်နှစ်ပါးဟာ ကားနဲ့လိုက်ပါလာစဉ် စစ်ကောင်စီစစ်ကြောင်းကပစ်ခတ်လိုက်တာလို့ ရေသားထားပါတယ်။ ရုံးစာရဲ့ အရေးကြီးတဲ့အပိုဒ်ကို မူရင်းအတိုင်း အောက်အပိုဒ်မှာဖတ်ရှုနိုင်ပါတယ်။

” မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် လုံခြုံရေးကင်းလှည့်နေသူများနှင့် တွေ့ရှိ၍ ကားကိုရပ်တန့် ခိုင်းရာ မှန်မချပဲ ကားကိုမောင်းနှင်သည့်အတွက် လုံခြုံရေးကင်းလှည့်နေသူများမှ ကားကို ပစ်ခတ်ခဲ့ရာ ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သည် အခင်းဖြစ်ရာ နေရာတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း၊ ကားသမားမှာ လက်ခြေတို့၌ ကျည်ဆံထိမှန်ခဲ့ကြောင်းနှင့် ဘဒ္ဒန္တဂုဏိကာဘိဝံသမှာ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး လက်ရှိတွင် ပန်းချီကမ္မကျေးရွာ၌ ယာယီသီတင်းသုံးလျက်ရှိကြောင်း သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့်ဒေသအာဏာပိုင်အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရပါသည်” လို့ ရေးသားထားပါတယ်။

ည ၈နာရီသတင်းမှာတော့ သတင်းကြေညာသူလူလတ်ပိုင်းအမျိုးသမီးက မဟန ငြိမ်း ၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ PDFတွေကပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့အကြောင်း ခပ်တည်တည် နဲ့သတင်းကြေညာသွားပြန်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီလိမ်လည်ဖို့ကြိုးစားနေတာမှန်သမျှကို ဖွင့်ချပြပြီး အမှန်အတိုင်းထွက်ဆိုခဲ့တဲ့ သူရဲကောင်းတစ်ဦး ဇွန် ၂၀ ရက် ညနေမှာပဲပေါ်ထွက်လာခဲ့ပါတယ်။ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော်နဲ့အတူ ကားပေါ်မှာလိုက်ပါသွားခဲ့တဲ့ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသပါပဲ။

ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို ပစ်ခတ်သတ်ဖြတ်သူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ထုတ်ဖော်မိန့်ကြားလိုက်တာပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့လိုချင်တဲ့အဖြေရအောင် ၁၀ ကြိမ်ခန့်အထိ နန်း​တွေပါ​ခေါ်ပြီး အကြိမ်ကြိမ် ဖိအားပေးစစ်ဆေးခဲ့တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်တိုင် ဆရာတော်ကို မန္တလေးနန်းတွင်းထဲခေါ်ပြီး စစ်ဆေးခဲ့တာပါ။ ဒါပေမယ် သီလလုံခြုံအောင်စောင့်ထိန်းဖို့ ကြိုးစားတဲ့ဆရာတော်ဟာ အာဏာရူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက်မှုကို မတုန်လှုပ်ခဲ့ပါဘူး။ အဖြစ်မှန်ကို အချိန်မဆိုင်းဘဲ ဖွင့်ချမိန့်ကြားခဲ့ပါတယ်။

” ခင်ဗျားတို့ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေ ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့၊ ရှင်းရှင်းပြောရရင် စစ်ဗိုလ် စစ်သားတွေ၊ ရက်စက်လှချည်လားဆိုတော့ အရှင်ဘုရားတို့က ဘုန်းကြီးမှန်းမသိလို့ပါတဲ့၊ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရားတဲ့၊ သူတို့ကိုယ်တိုင် ဝန်ခံပါတယ်”

ဆရာတော်က သံဃာ​တော်​တွေ​ရှေ့မှာ မိန့်ကြားခဲ့ပါတယ်။

သူခိုးလူမိသွားတဲ့ စစ်ကောင်စီဘက်ကတော့ တုန့်ပြန်တာမရှိသေးပါဘူး။ အဖြစ်မှန်ကို ဖွင့်ချမိန့်ကြားတဲ့ ဆရာတော်ဘဒ္ဒန္တဂုဏိကာဘိဝံသကိုလည်း ရန်ရှာနိူင်ခြေရှိနေပါသေးတယ်။ဒါ​ကြောင့် ကန်သုံးဆင့်ဆရာ​တော်လုံခြုံ​ရေးအတွက် ပြည်သူ​တွေ စိုးရိမ်​နေကြပါတယ် ။

စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က လည်း”ဖက်ဆစ် အုပ်စုဟာ သူတို့ ပိပိရိရိ လိမ်ဖို့ အမြဲကြိုးစားခဲ့တိုင်း အမှန်က ပေါ်ပေါ် လာတတ်လို့။ ပိရိအောင် လိမ်ညာခိုင်းရာမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို ဖြစ်စဉ် အပြီး လက်စဖျောက်တတ် လာပါတယ်” လို့ သူ့စိုးရိမ်ပူပန်မှုကိုပြောဆိုထားပါတယ်။

တကယ်​တော့ နိုင်ငံတော်အာဏာကိုသိမ်းယူပြီးတဲ့နောက်စစ်​ကောင်စီဟာ ​နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူရပ်တည်ခဲ့တဲ့ သံဃာတော်​တွေကိုသတ်ဖြတ်တာ၊ဖမ်းဆီး​ထောင်ချတာ ၊ဘယ်​ရောက်မှန်းမသိ​အောင်လက်စ​ဖျောက်တာ​တွေ မနည်းမ​နေရှိခဲ့ပါတယ် ။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အပါအဝင် နိုင်ငံတဝန်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့တဲ့ သံဃာတော်အရေအတွက်ဟာ ၅၂ ပါးရှိသွားပြီလို့ ​ရွှေဝါ​ရောင်ဆရာ​တော်​တွေကမိန့်ကြားပါတယ် ။

ဒါအပြင် သံဃာကိုသတ်ဖြတ်တဲ့အမှုဟာ ပဉ္စာနန္တရိယကံထိုက်တဲ့ပစ်မှုဖြစ်လို့ သံဃာထုတရပ်လုံးက စစ်ကောင်စီကိုသပိတ်မှောက်တော်လှန်ကြဖို့ ​ဆရာတော်မင်းသုညက DVB သတင်းဌာနကိုမိန့်ကြားပါတယ်။ဗုဒ္ဓတက္ကသိုလ် ဆရာတော်မင်းသုညဟာ

ဆရာတော်ရဲ့ စာသင်သားဖြစ်ခဲ့တဲ့ ဆရာတော်မင်းသုညက မိန့်ပါတယ်။ဗုဒ္ဓတက္ကသိုလ် ဆရာတော်မင်းသုညဟာ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့စာသင်သားလည်းဖြစ်ပါတယ် ။

အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့ကို မထောက်ခံတဲ့ သံဃာတော်တွေကို ဖမ်းဆီးပြီး တိရိစ္ဆာန်နဲ့ ခိုင်းနှိုင်းရိုက်နှက်သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့ နွေဦး‌တော်လှန်ရေးသံဃကွန်ရက်က ဆရာတော်တွေက မိန့်ကြားထားပါတယ်။

လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်တဲ့ ၂၀၂၃မတ်လ ၁၁ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့၊ နမ့်နိမ်းဘုန်းကြီးကျောင်းကို စီးနင်းတိုက်ခိုက်လို့ သေဆုံးသူ ၃၀ ကျော်အနက် သံဃာတော် သုံးပါးပါဝင်ခဲ့ပါတယ်။

စစ်​ကောင်စီကအညာ​ဒေသမှာလည်း ဘုရား​​တွေ ၊ဘုန်းကြီး​ကျောင်း​တွေမ​ရှောင် ​လေယာဥ်နဲ့ ဗုံးကြဲ ၊ရွာလုံးကျွတ်မီးလျှို့ သံဃာ​တော်​တွေကိုလည်း စိတ်မထင်ရင် မထင်သလို သတ်ဖြတ်​နေတာ ကြာပါပြီ ။ ဗုဒ္ဓဘာသာရဲ့ အထွဋ်အမြတ်ထားရာတင်မှ မဟုတ်ပါဘူး ချင်းပြည်နယ် ၊ ကရင်နီပြည်တို့မှာဆိုရင်လည်း ခရစ်ယာန် ဘုရား​ကျောင်း​တွေ ကိုဗုံးကြဲဖျက်ဆီးတာ၊လက်နက်ကြီးနဲ့ပစ်တာ အ​ရေအတွက် ဆယ်နဲ့ ချီ ရှိ​နေပါပြီ ။တရား​​​ဟောဆရာ​တွေ ၊ဘာသာ​ရေးဆရာ​တွေကိုလည်း သတ်ဖြတ်တာ၊ဖမ်းဆီးခဲ့တာ​တွေလည်း မ​နည်းပါပဲ ။ ဒါ​ကြောင့်လည်း ကမ္ဘာမှာ ဘာသာ​ရေး လွတ်လပ်ခွင့်မရှိဆုံးတိုင်းပြည်​တွေထဲမှာ မြန်မာကထိပ်နားမှာရပ်တည်​နေပါတယ်။

အခုမှလားဆို​တော့လည်းမဟုတ်ပါဘူး။ ​ရွှေဝါ​ရောင်​တော်လှန်​ရေးမှာ​ရော ၊ ရှစ်​လေးလုံးအ​ရေး​တော်ပုံမှာ​ရော သံဃာ​​တော်​တွေဆိုပြီး စစ်တပ်က သက်ညှာတာမရှိပဲ သူတို့အာဏာတည်မြဲမှုကို ခြိမ်း​ခြောက်လာရင် ရက်ရက်စက်စက်သတ်ဖြတ်၊ဖမ်းဆီး​ထောင်ချဖို့ လက်မတွံ့ သူ​တွေဆိုတာ သမိုင်းမှာ အထင်အရှားသက်​သေ​တွေဖြစ်ပါတယ်။

ဒါ​ပေမယ့် ကျန်အချိန်​တွေမှာဆိုရင် သူတို့​လောက်ဘာသာ သာသနာကိုချစ်မြတ်နိုးကာကွယ်သူဆိုတဲ့ မျက်နှာဖုံးကို အချိန်ပြည့်ဝတ်ထားကြတာပါ။ ဘယ်​လောက်ကြီးတဲ့အမှားပဲဖြစ်ဖြစ် တာဝန်ခံဖို့​ဝေးစွ ဝန်ခံ​လေ့လည်းမရှိကြပါဦး ။

ဒီတစ်ကြိမ်မှာလည်း အာဏာသိမ်းခေါင်းဆောင်ဟာ သူ့ရဲ့လိမ်စဉ်ကို ဒီမှာတင် ရပ်မယ့်သူမဟုတ်ပါဘူး။ သူနဲ့လက်တွဲညီပြီး ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအပေါ်လည်း သြဇာကြီးနေဆဲဖြစ်တဲ့ ဆရာ​​တော်အချို့ကိုပါ ရှေ့ထွက်ပြီး လိမ်လည်ခိုင်းနိုင်တယ်လို့ သံဃာအသိုင်းအဝိုင်းက ယုံကြည်ထားပါတယ်။ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒါကို သတိချပ်ဖို့ လိုပါတယ်။

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ သက်တော် ၇၈ နှစ်နဲ့ ဝါတော် ၅၇ ဝါ ရှိပြီဖြစ်ပါတယ်။ သာသနာအတွက် လူ့သက်တမ်း သုံးချိုးနှစ်ချိုးလောက် မြုပ်နှံခဲ့သူပါ။ဝိနယာဓိကပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်လည်း ဖြစ်ပါတယ်။သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ စသဖြင့် ဘွဲ့တွေလည်း ရရှိထားသည့်သူဖြစ်ပါတယ်။ဒါ့အပြင် ဋီကာကျော် ရှင်းတမ်း၊ယၕမကရှင်းတမ်း၊ ရူပသိဒ္ဓိရှင်းတမ်း၊ ကင်္ခါရှင်းတမ်း စသည့် ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်တွေရေးသားပြုစုခဲ့သူလည်း ဖြစ်ပါတယ်။

အခုအခါမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုကြောင့် စာ​ပေကျမ်းဂန်တက်ကျွမ်းလှပြီး သီလ သမာဓိ ရှိလှတဲ့ ထေကြီးဝါကြီးဆရာတော်တစ်ပါး ကျည်သင့်ပြီး ကံတော်ကုန်သွားခဲ့ရပါပြီ။

“သတ်ဖြတ်လိုက်တာကြီးကို ဝန်မခံဘဲနဲ့ ပေါက်ကရ ထပ်လိမ်ခြင်းဟာ တတိုင်းတပြည်လုံးကပြည်သူတွေကို စော်ကားသလို တတိုင်းတပြည်လုံး၊ တကမ္ဘာလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို စော်ကားလိုက်ခြင်းဖြစ်တယ်။ ဒီနေရာမှာတဆက်တည်းတွေးလို့ရတာ သံဝေဂရစရာဘာလဲဆိုရင် ဒီလိုထင်ရှားတဲ့ ဆရာတော်ကြီးတွေပါမချန် သတ်ဖြတ်တယ်ဆိုရင် ဗမာပြည်သူတွေရဲ့ဘဝတွေဟာ တွေးတောစရာမရှိတော့ဘူး။ နေဖို့ထိုင်ဖို့တောင်မကောင်းတော့တဲ့အနေအထား ဖြစ်သွားပြီ အာမခံချက်မရှိတော့ဘူး။ အသက်အာမခံချက်မရှိတော့ဘူး။ ဒီလိုထင်ရှားတဲ့ဆရာတော်ကြီးကိုတောင်မှ သတ်
ဖြတ်တယ်ဆိုရင် ကျန်တာတွေက သူတို့အတွက်ဘာမှ မထူးဆန်းတော့ဘူး”လို့ ရွှေဝါရောင်ဆရာတော် ဦးအဂ္ဂဓမ္မကလည်းမိန့်ကြားပါတယ် ။

ဟစ်တလာလို အချီကြီးလိမ်ပြီး သူ့အပြစ်ကို ဖုံးဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် တာဝန်သိနိုင်ငံသား​တွေ ၊ နည်းပညာ​ခေတ်ဖြစ်သလို ၊ သတင်းမီဒီယာ​တွေ​ကြောင့် ​​ရှေ့ကလိမ်​နောက် ​နောက်က​ပေါ်ဖြစ်​နေပါတယ် ။ ဒါ​ပေမယ့် အာဏာလု​ခေါင်း​ဆောင် သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်လိမ်ပါလိမ်ဦးမယ်။ ဒါ​ပေမယ့် သူ​ရှေ့ကလိမ်လည်း အမှန်တရားက တာဝန်သိနိုင်ငံသား​တွေ​ကြောင့် လူထုဆီ မြန်မြန်​ရောက်လာဦးပဲဖြစ်ပါတယ် ။ ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *