Su 30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေး လေယာဉ်ဆီခိုးရောင်းချမှုဖြင့် စုံစမ်းစစ်ဆေးခံရပြီး တောင်ငူလေတပ်စခန်းသို့ အရွှေ့ခံရ

နေပြည်တော် လေတပ်မှ Su 30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေး လေယာဉ်ဆီခိုးရောင်းချမှုဖြင့် စုံစမ်းစစ်ဆေးခံရပြီး တောင်ငူလေတပ်စခန်းသို့ အရွှေ့ခံရ

လေယာဉ်ဆီအကြီးအကျယ် ခိုးရောင်းချသည့် နေပြည်တော် လေတပ်မှ Su 30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေးသည် တပ်တွင်း စုံစမ်းစစ်ဆေးခံရပြီးနောက် တောင်ငူလေတပ်စခန်း အရွှေ့ခံလိုက်ရကြောင်း လေတပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

နေပြည်တော်လေတပ်တွင် ဗိုလ်မှူးကြီးခန်နေသွေးသည် SU 30 တိုက်လေ ယာဉ် အုပ်မှူးအဖြစ် တာဝန်ထမ်းဆောင်သည့် ၂ နှစ်ကျော်ကာလအတွင်း လေ ယာဉ် ဆီများစွာ ခိုးထုတ်မှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခံခဲ့ရကြောင်း၊ ယင်းနောက် အပြစ်ပေး အရေးယူမှုအနေဖြင့် တောင်ငူလေတပ်စခန်း သို့ ပြောင်းရွှေ့ခံလိုက်ရကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး ခန့်နေသွေးသည် Su 30 အုပ်မှူးတာ၀န်ယူခဲ့စဉ်က လေယာဉ်ဆီခိုးထုတ်မှုမှ ငွေကျပ်သန်းပေါင်းများစွာရရှိပြီး မြေကွက်များ ကွန်ဒိုခန်းများစွာနှင့်အဖိုးတန်ကားပေါင်းများစွာရရှိခဲ့ကြောင်း၊ မြေကွက်များ အပါအဝင် ၎င်း၏ ပိုင်ဆိုင်မှုများကို မိန်းမဖြစ်သူ စိမ့်စိမ့်လွင်နာမည်ဖြင့်၀ယ်ယူခဲ့ကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး ခန့်နေသွေးအုပ်မှူးဖြစ်ခဲ့စဉ် ၂ နှစ် အတွင်း လေယာဉ်ဆီခိုးယူခဲ့မှုမှ တစ်လ လျင်မြန်မာငွေ သိန်း ၁၀၀၀ ခန့် ရရှိခဲ့ပြီး ၂ နှစ်အတွင်း မြန်မာငွေ သိန်း၂သောင်းကျော် ခိုးထုတ်ခဲ့ကြောင်း၊ လေတပ်စုံစမ်းရေးအဖွဲ့က ဆီခိုးထုတ်မှုများကို စုံစမ်းဖော်ထုတ်ကာ အရေးယူမှုအနေဖြင့် ယခုကဲ့သို့ တပ်ပြောင်း ရွှေ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တပ်ပြောင်းရွှေ့ခံရသော်လည်း ၎င်း၏ ပိုင်ဆိုင်မှုများဖြစ်သည့် ရန်ကုန်ကန်တော် လေး တိုက်ခန်း ၁ ခန်း၊ အလုံနှင့် ရန်ကင်းတွင် ကွန်ဒို ၂လုံး‌၊ နေပြည်တော်ရှိ သိန်း၅၀၀တန်မြေကွက်များ၊Toyota Rush ကားသစ်တစ်စီး၊တရုတ် Soueast ကားတစ်စီး၊ ကိုရီးယား KIA ကားသစ်တစ်စီး တို့ကို အသိမ်းဆည်းမခံရကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး ခန့်နေသွေးသည် SU 30 အုပ်မှူးရာထူးကို ယခင် လေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ အဆက်အသွယ်ဖြင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *