ပညာတတ်များဖြင့် သာယာဝပြောသည့်နိုင်ငံ တည်ဆောက်မည်ဟု စစ်ခေါင်းဆောင်ပြော

အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ကြိုးစားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ -၂၀၂၄ ဖွင့်ပွဲအခမ်းအနား၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နိုင်ငံအင်အားသည် ပညာ‌ပေါ်တွင် အခြေခံကာ ဗလငါးတန် ပြည့်ဝပြီး အသိဉာဏ်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံ၏ အင် အားနှင့် အနာဂတ်များဖြစ်ကြောင်း ပြောဆိုခဲ့သလို အရည်အသွေးပြည့်ဝသော ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဇွန် ၂၄ ရက်က ကျင်းပသည့် ယင်းအခမ်းအနား၌ ပြောဆိုသွားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပညာရေးဝန်ထမ်းများအား ဖမ်း ဆီးသတ်ဖြတ်မှုများ ပြုလုပ်ထားပြီး၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ကာ ဖျက်ဆီးမှုများ ပြုလုပ်ထားသော ကြောင့် စစ်ခေါင်းဆောင်ပြောဆိုမှုအပေါ် ပညာရေးဝန်ထမ်းများ၏ ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

CDM ပညာရေး ဝန်ထမ်းတဦးက “ကလေးတွေရော ဆရာ၊ ဆရာမတွေပါမကျန် သတ်နေပြီး အခုလိုပြောတာက ရယ်စရာတော့ ကောင်းနေတာပေါ့။ လက်ရှိမှာဆိုလည်း သူတို့ခန့်ထားတဲ့ ဆရာမတွေရဲ့ အရည်အချင်းကလည်း တလွဲတွေ လုပ်နေတာတွေ့နေရတာပဲလေ။ သူကတော့ လူကြားကောင်းအောင် လျှောက်ပြောနေတာပေါ့” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း လေကြောင်းနှင့် လက် နက်ကြီးတိုက်ခိုက်မှုများကြောင့် ကျောင်းပေါင်း ၂၀၀ နီးပါး ပျက်စီးထားပြီး၊ စစ်ကောင်စီ၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေး ငယ် ၆၃၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *