စစ်ကောင်စီတပ်ထံမှ လက်နက်ဂိုဒေါင်လိုက် သိမ်းရသည့် ရုပ်သံမှတ်တမ်းထွင်​ပေါ်လာ

စစ်ကောင်စီတပ်ထံမှ လက်နက် အများအပြား သိမ်းပိုက်ရရှိသည့် ရုပ်သံမှတ်တမ်းတစ်ခုကို ဇူလိုင် ၁၃ ရက် ၌ ထွက်​​ပေါ်လာသည်။

အဆိုပါရုပ်သံမှတ်တမ်းမှ လက်နက်များသည် လားရှိုးမြို့ နယ် နမ့်ပေါင် အခြေစိုက် စစ်ကောင်စီတပ်ရင်းကို ကိုးကန်တပ်ဖွဲ့(MNDAA)နှင့် မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် သိမ်းရခဲ့သည့် လက်နက်များဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

လားရှိုးမြို့ ထိုးစစ်ကို ဇူလိုင် ၃ရက်တွင် MNDAA ဦး​ဆောင်​သော ပူး​ပေါင်း တပ်များက စတင်ခဲ့ပြီး ဇူလိုင် ၆ ရက်တွင် အမှတ် ၂၉၁ ​ခြေလျင်တပ်ရင်း (ခလရ ၂၉၁)တပ်ရင်း ​ခေါ် နမ့်ပေါင်တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုတပ်ရင်းကိုသိမ်ူပိုက်စဥ် လက်နက်ခဲယမ်းများစွာရရှိခဲ့​ကြောင်း သတင်းရရှိခဲ့​သော်လည်း ရုပ်သံမှတ်တမ်းမှာ ဇူလိုင် ၁၃ ရက်တွင်မှ ထွက်​ပေါ်လာခြင်းဖြစ်သည်။

“ လက်နက်ဂိုဒေါင်လိုက်ရတာ ဟုတ်တယ်။ အရင်တစ်ပတ် လားရှိုး နမ့်ပေါင် ခလရ(၂၉၁)က ရတာပါ။ လက်နက် အရေအတွက် ခန့်မှန်း ၃၀၀ ကျော်တယ်။ အသစ်တွေ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ရုပ်သံမှတ်တမ်း တစ်ခုတွင် လက်နက် ၆၀ လက်ခန့် အစီအရီ တင်ထားသည့် လက်နက်ထားသည့် စင် ၄ ခုကို တွေ့ရသည်။ ထို့ကြောင့် အဆိုပါမှတ်တမ်း၌ပင်လက်နက် စုစုပေါင်း အလက် ၂၄၀ ခန့်ရှိ​​နေခြင်းသည်။ ထိုအပြင် အခြား ရုပ်သံမှတ်တမ်းတွင်လည်း ပထမ ရုပ်သံ၌ ဖော်ပြထားသည့် လက်နက်အမျိုးအစားနှင့်မတူသည့် လက်နက်အများအပြားကို စင်ပေါ်၌ အစီအရီ တင်ကာထားရှိသည်ကိုလည်းတွေ့ရသည်။

ရုပ်သံမှတ်တမ်းနှစ်ခုတွင် လက်နက်အ​ရေအတွက် စုစုပေါင်း ၄၀၀ ၊ ၅၀၀ ခန့်ရှိနိုင်သည်ကိုလည်း တွေ့ရသည်။

ကိုးကန့်တပ်ဖွဲ့နှင့် မဟာမိတ်များအနေဖြင့် လားရှိုးမြို့ကို စတင်ထိုးစစ်ဆင်ချိန်မှ ယနေ့ ဇူလိုင် ၁၃ရက်နေ့အထိ စစ်ဆင်ရေး ၁၀ရက်ကျော်အတွင်း တိုက်ပွဲသတင်းများ တစုံတရာ ထုတ်ပြန်ခြင်းမပြုသေးပေ။ လားရှိုးတိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှု အခြေအနေများကို တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်မှုရှိသော်လည်း စစ်ရေးတိုက်ပွဲသတင်းများ မဖော်ပြထားပေ။

သို့​သော် ဇူလိုင် ၁၃ ရက်အထိ့ လားရှိုးမြို့တွင် တိုက်ပွဲများပြင်းထန်​နေပြီး MNDAA ဦး​ဆောင်​သော ပူး​ပေါင်းတပ်က စစ်တပ်စခန်းများသိမ်းပိုက်ရန် အပြင်းအထန်ထိုးစစ်ဆင်​နေသည်။

( ​တော်လှန်​ရေးတပ်များက (စစ်​ကောင်စီတပ်ထံမှလက်နက် ဂို​ဒေါင်လိုက်သိမ်းဆည်းရရှိခဲ့​သောရုပ်သံမှတ်တမ်း။ ရုပ်သံ-CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *