ပခုက္ကူလေယာဉ်ကွင်းဟောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို Rocket အလုံး ၃၀ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူလေယာဉ်ကွင်းဟောင်းမှာ တပ်စွဲထားတဲ့ ပျူနဲ့စစ်ကောင်စီတပ်သားတွေကို RC Plane ၊ Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (၂)၊ Young Force-UG ကနေ သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ဇူလိုင်လ ၁၅ ရက်မှာ အဆိုပါ လေယာဉ်ကွင်းဟောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျု၊ အင်အား ၁၅၀ ကျော်ရှိရာ နေရာကို RC Plane ၊ Rocket အလုံးရေ စုစုပေါင်း အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“လေယာဉ်ကွငိးဟောင်းမှာက စစ်သားထက်ကို ပျူတွေများပါတယ်။ လေယာဉ်ကွင်း အဆောက်အဦးဟောင်းတွေက မခိုင်ခံ့တော့ သူတို့ အိမ်အသစ်ဆောက်ပြီးနေကြတာ။ အဲ့မှာ Rocket က နေအိမ်ကို သွားကြပြီး မီးလောင်တယ်ပေါ့နော်။ အပြန်အလှန်ပစ်ခတ်မှုက ၁နာရီလောက်ဖြစ်ခဲ့ပါတယ်။” လို့ Young Force-UG သတင်းပြန်ကြားရေးတာဝန်ခံ ကိုပိန်က မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် လေယာဉ်ကွင်းဟောင်းထဲမှာ စစ်ကောင်စီတပ်သားတွေ နေထိုင်ဖို့ ဆောက်ထားတဲ့နေအိမ်တွေ မီးလောင်ပျက်စီးသွားပြီး စစ်ကောင်စီဘက်က ၁၀ ယောက်နီးပါး ဒဏ်ရာရရှိကာ နောက်ဆက်တွဲကိုတော့ ဆက်လက် စုံစမ်းဆဲပဲလို့ သိရပါတယ်။

ကိုပိန်ကပဲဆက်လက်ပြီး “သူတို့ကအထိုင်ချနေတာဆိုတော့ ဘန်ကာတွေလည်းရှိပါတယ်။ ဒါပေမယ့် ပျူတွေအတွက်ကတော့ ဘန်ကာတွေမရှိပါဘူး။ စစ်သားတွေအတွက်ကတော့ သူတို့ဘန်ကာတွေ အခိုင်အမာဆောက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ဘက်ကနေ လက်နက်ကြီးရော၊ ဒရုန်းတွေရောနဲ့ တိုက်ခိုက်နေတာဆိုတော့လေ” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်း၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) မှ Cobra One၊ Tatt PKU၊ Thurain TR ၊ Shwe Nyar Myae၊ Young Force – UG နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *