ခြင်းကြားနဲ့ အယ်ဘ ဒီမာစတွေ့တာပဲ

‼️စာမတတ် ပေမတတ် ငစနူ ခြင်းကြားတွေက Y-12 လေယာဉ်ကို လိုက်ပစ်‼️

ဇူလိုင်လ ၁၅ ရက်နေ့ ဒီကနေ့ ည ၁၀ နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က စာမတတ် ပေမတတ် ငစနူ ခြင်းကြားတွေက Y-12 လေယာဉ်ကို PDF တွေရဲ့ ဒရုန်းမှတ်ပြီး လိုက်ပစ်ခဲ့ကြတယ်လို့ မြေပြင် သတင်းရင်းမြစ်က ဆိုပါတယ်။

ဖြစ်စဉ်က ဒီလိုပါ..။

ဒီကနေ့ ည ၉ နာရီ ကျော်ခန့် အချိန်က တံတာဦး လေတပ်ကနေ တက်လာတဲ့ Y-12 လေယာဉ်ဟာ မန္တလေးတိုင်း စဉ့်ကူးနယ်ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဂျက်ဖိုက်တာ ရောက်လာချိန်မှာ ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ခြမ်းမှာရှိတဲ့ ရွှေဘိုနယ်ကို ပတ်ဝဲပြီး ပျံသန်းနေခဲ့ပါတယ်။

အဲ့လို Y-12 လေယာဉ် ပျံသန်းနေချိန်မှာ မြေပြင်မှာရှိတဲ့ ငစနူ ခြင်းကြားတွေက PDF တွေရဲ့ ဒရုန်း ထင်မှတ်ပြီး လိုက်ပစ်ခဲ့ကြတာလို့ ဆိုပါတယ်။ ဒါကတော့ ဒေသခံ သတင်း ရင်းမြစ်ရဲ့ ယူဆချက်ပါ။

တစ်ချက် စဉ်းစားစရာ ရှိတာက-

ဇူလိုင်လ ၁၄ ရက်နေ့မှာ ရွှေဘိုမြို့နယ်ထဲက ကူတို့ဆိပ်ရွာ၊ ဆင်အင်း ရဲစခန်းနဲ့ မြင်းစီး ငပျူရွာတွေမှာ အထိုင်ချ တပ်စွဲထားတဲ့ ငစနူ ခြင်းကြားတွေကို ဒေသခံ တော်လှန်ရေး တပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စခန်း စွန့်ခွာပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ကြရပါတယ်။

စစ်ရှုံးကောင်စီက အခုနောက်ပိုင်းမှာ စခန်းစွန့်ခွာပြေးတဲ့ ငစနူ ခြင်းကြားတွေကို လေယာဉ်နဲ့ ဗုံးကြဲပြီး သတ်ဖြတ်ခိုင်းတဲ့ ဖြစ်စဉ်တွေ ရှိတာကြောင့် အခုလဲ ရွှေဘိုက ခြင်းကြားတွေက သူတို့ကို လာပြီး ဗုံးကြဲတဲ့ လေယာဉ်ထင်ပြီး လက်ဦးအောင် စတင် ပစ်ခတ်တာလဲ ဖြစ်နိုင်ပါတယ်။

ငစနူ ခြင်းကြားတွေရဲ့ လက်ရှိ အနေအထားက-

စာမတတ် ပေမတတ်ကောင်တွေမို့ မှားပြီး လိုက်ပစ်တာလဲ ဖြစ်နိုင်သလို နောက်ကျော မလုံတော့လို့ လေယာဉ်သံကြားတာနဲ့ ကြောက်လန့်နေရတဲ့ ဘဝကို ရောက်နေကြရပြီ ဆိုတာလဲ မငြင်းနိုင်တဲ့ အချက်ပါပဲ။

ခြင်းကြားနဲ့ လေဘဲတွေက အခုဆိုရင် သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော် အနေအထားကို ရောက်နေပါပြီ..။

Source ~ NAS


Comments

Leave a Reply

Your email address will not be published. Required fields are marked *