နေပြည်တော်အေလာ လေတပ်အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုများရှိ

နေပြည်တော် အေလာ လေတပ်အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုများရှိကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် နေပြည်တော် အေလာလေတပ်အတွင်းသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၊ ရှော့တိုက်ဒုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုများ ရှိကြောင်း၊ သို့ရာတွင် အသေးစိတ်ကိုမူ ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ မနက် ၈ နာရီ ၄၅ မိနစ်မှာ ရှော့တိုက်ဒုံး လို့ယူဆရတဲ့ လက်နက်ကြီးနေပြည်တော် ဧလာလေတပ်အတွင်းကျရောက်ပေါက်ကွဲပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

တော်လှန်ရေးသတင်းရင်းမြစ်များထံ ဆက်သွယ်မေးမြန်းရာ နေပြည်တော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တချို့ထံတွင် ရှော့တိုက်ဒုံးများ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ သို့ရာတွင် မည်သည့်အဖွဲ့ တိုက်ခိုက်သည်ကို မသိရှိရသေးကြောင်းပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *