မြင်းခြံမြို့နယ်တွင် စစ်တပ် ဂိတ်စခန်းနှင့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၉ ဦး သေဆုံးကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် မြင်းခြံမြို့နယ်နှင့်တောင်သာမြို့နယ် အစပ်ရှိ တောင်ရှေ့ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၇ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာနှင့် တောင်ရှေ့ရွာ အကြားကို ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ လက်ဝဲကျေးရွာ၊ ကွမ်းစိုက်ကျေးရွာနှင့် တောင်ရှေ့ကျေးရွာတို့အနီးတွင်လည်း အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲခဲ့တာက လက်ဝဲရွာကို မီးရှို့တဲ့ စစ်ခွေးစစ်ကြောင်းပဲ တောင်ရှေ့ဂိတ်ကို တိုက်ခိုက်ခဲ့တာက စစ်ခွေး ၂၇ ဦး သေတာ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေက စိုးရိမ်စရာမရှိပါဘူး။ လက်ရှိအနေအထားမှာ တပ်ဖွဲ့လိုအပ်ချက်တွေ အများကြီးရှိသေးလို့ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့်အတူ အခြားတပ်ရင်းတပ်ဖွဲများ၊ ပကဖများ နှင့် အခြား Local မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တောင်ရှေ့ ဂိတ်တိုက်ပွဲတွင် MBT တပ်ဖွဲ့မှ ရဲဘော်တစ်ဦးနှင့်အခြားမဟာမိတ်တပ်ဖွဲ့များမှလည်း ထိခိုက်မှု အချို့ရှိခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *