မတ္တရာနဲ့ ပုသိမ်ကြီးအစပ်အနားမှာ တိုက်ပွဲဖြစ်နေ

ပစ်ခတ်သံတွေကို ပုသိမ်ကြီးမြို့ ပေါ်က ကြားနေရ

မန္တလေးတိုင်း မတ္တရာနယ်ထဲမှာ တိုက်ပွဲ ဖြစ်ပွားနေပြီး ပစ်ခတ်သံတွေကို ပုသိမ်ကြီးမြို့ ပေါ်ရပ်ကွက်တွေကပါ ကြားနေရလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒီမနက်ပိုင်း ၆ နာရီဝန်းကျင်ခန့်ကစပြီး ပစ်ခတ်သံတွေကို ကြားနေရတာလို့ ပုသိမ်ကြီးမြို့ ပေါ် နေထိုင်သူ မြို့ ခံတစ်ဦးက ပြောပါတယ်။

” အောင်သပြေဘက်ကနေ ပစ်နေတဲ့အသံတွေဖြစ်မယ် ၊ နီးနီးကပ်ကပ်ကိုကြားနေရတာ”လို့ အဲဒီပုသိမ်ကြီးမြို့ ခံက ဆိုပါတယ်။

အောင်သပြေကျေးရွာဟာ မတ္တရာ မြို့ နယ် နဲ့ ပုသိမ်ကြီးမြို့ နယ် အစပ်နားမှာရှိတာပါ။ အောင်သပြေ ကျေးရွာ နဲ့ ပုသိမ်ကြီးမြို့ ပေါ်ကြားမှာ မြကန်သာရွာ ၊ကံကြီးရွာ ၊ဘုတ်ရွာ ၊ဆင်ပွတ်ကြီးရွာ၊ ရုံးသာရွာ ၊ မှန်ပင်ရွာတွေ ရှိနေပါတယ်။

“တို့ရွာနဲ့ဆို ကပ်နေတော့ ပစ်ခတ်သံတွေကြားနေတာ “လို့ ပုသိမ်ကြီးမြို့နယ်ထဲက ဆင်ပွတ်ကြီးရွာမှာ နေထိုင်သူတစ်ဦးကလည်းပြောပါတယ်။

ပစ်ခတ်သံတွေကြောင့် လုံခြုံရေးအခြေအနေအရ ပုသိမ်ကြီးမြို့ရဲ့အရှေ့ဘက်ခြမ်း ရန်ကင်းတောင်ခြေအနီးရှိ ဟင်နရီ မြင်းစီကလပ် ကလည်း ဒီနေ့ မနက်ပိုင်းက စပြီး ကွင်းကို ယာယီပိတ်လိုက်တယ်လို့ ​သူ့ရဲ့Facebook Pageကနေ အသိပေးခဲ့တာရှိပါတယ်။

အောင်သပြေရွာက အယ်လ်ဖာ ဘိလပ်မြေစက်ရုံ မှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်ကို မန္တလေး PDF က ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ခိုက် ပြီး စခန်းသိမ်းထားတာပါ။

ဒီနေ့မှာ အဲဒီဘိလပ်မြေစက်ရုံ ကို စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြနေကြပါတယ်။

📫 မန္တလေးနန်းတွင်းမှ စစ်ရဟတ်ယာဉ်များဖြင့်သာ မြို့ပေါ်နိမ့်နိမ့်ပျံသန်း သွားလာနေကြပါပြီ

ဖရဲသီးမှ အခြေအနေထူးနေကြောင်းပြောကြားပါသည်။

🚨🚨🚨🚨

မန္တလေးမြို့အလွန် ရန်ကင်းတောင် အနောက်ဘက်အခြမ်း အကျော် တိုက်ပွဲများ စနေပါပြီ

ပုသိမ်ကြီးမြို့နယ် စတင်ရှောင်ရှားနိုင်ရန် အသိပေးပါတယ်🙏


Comments

Leave a Reply

Your email address will not be published. Required fields are marked *