ရွှေဘိုနယ် ဇီးဖြူကုန်းပျူရွာက ပျူတွေ ရွာကိုမီးပြန်ရှို့

တော်လှန်ရေးအဖွဲ့တွေ ဝင်တိုက်မှာစိုးလို့ ညတိုင်းပစ်ခတ် နေ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင်းက ပျူရွာတွေဖြစ်တဲ့ မြင်းစီး၊ ကူးတို့ဆိပ်နဲ့ ဆင်အင်းကျေးရွာတွေကို တော်လှန် ရေး တပ်ဖွဲ့တွေက ဇူလိုင် ၁၄ ရက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါရွာသုံးရွာရှိ ပျူတွေရဲ့ မိသားစုဝင် တွေ အပါအဝင် လူဦးရေ ၅၀၀ ဝန်းကျင်လောက်ဟာ ဇီးဖြူကုန်းရွာကို ထွက်ပြေးကြပြီး နောက်ရက် ဇူလိုင် ၁၅ ရက်က စလို့ ဇီးဖြူကုန်းပျူရွာမှာ မီးရှို့တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ဇီးဖြူကုန်းက ပျူရွာပဲ။ သူတို့ပျူရွာ မီးပြန်ရှို့နေတာ လေးငါးရက်လောက်ရှိပြီ။ ဘယ်လိုပြောရမလဲကိုမသိပါဘူး။ နေ့တိုင်းလိုလိုရှို့နေတာ။ လွန်ခဲ့တဲ့ ရက်ပိုင်းက မြင်းစီး၊ ဆင်အင်း၊ ကူးတို့ဆိပ် ဝင်တိုက်တာလေ။ အဲဒီကမိသားစု တွေ ပျူတွေဘာတွေ ကုန်လုံးက ဇီးဖြူကုန်းကို လာစုနေတာကို။ ၄၀၀ ကျော်လောက်ရှိတယ်။ ပျူမိသားစုဝင် တွေ ပေါ့။ လက်နက်ကိုင်မိသားစုဝင်တွေရော။ သူတို့ရောက်ပါပြီဆိုတည်းက မီးတွေဆက်ရှို့နေတာ”လို့ ရွှေဘိုမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဘာကြောင့်ပျူတွေက သူတို့နေတဲ့ပျူရွာကို မီးပြန်ရှို့နေလဲဆိုတာ နားလည်ရခက်ခဲပြီး ပျူရွာသုံးရွာတိုက်ခိုက်ခံရလို့ ထွက်ပြေးလာတဲ့ ပျူတွေရောက်ရှိပြီးနောက်ပိုင်း နေအိမ်တွေကို မီးရှို့တာအပြင် ညတိုင်းလိုလို သေနတ်ရမ်းသမ်း ပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားနေရလို့ ဆိုပါတယ်။

“သူတို့ကိုဝင်မတိုက်ခင်၊ သူတို့ဇီးဖြူကုန်းကို မရောက်ခင်တုန်းက သေနက်သံဘာသံမကြားရဘူး။ သူတို့ရောက်ပြီး လေးငါးရက်အတွင်းကို ညတိုင်းလိုလိုကို ပစ်တာ။ တအားပစ်တာ ညတိုင်းလိုလို။ သူတို့ကို ဝင်တိုက်မှာစိုးတာနဲ့ ကြောက်အားလန့်အားနဲ့ ရမ်းသမ်းပြီးပစ်နေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြင်းစီး၊ ကူးတို့ဆိပ်နဲ့ ဆင်အင်းပျူသုံးရွာက ပျူနဲ့သူတို့ရဲ့မိသားစုဝင်တွေဟာ ဇီးဖြူကုန်းပျူရွာအပြင် ရွှေဘိုမြို့ပေါ် ကိုလည်း ထွက်ပြေးတိမ်းရှောင်းသွားကြတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်-ပကဖ) က ဆိုပါတယ်။

ရွှေဘိုမြို့နယ်အနောက်ခြမ်းမှာဆိုရင် သီးလုံးနဲ့ ပန်းရံကျေး ပျူရွာတွေလည်းရှိသေးပြီး အဆိုပါပျူရွာနှစ်ရွာဟာ ရွှေ ဘိုနယ် ပျူရွာတွေအနက် အားအကောင်းဆုံး ပျူရွာတွေဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *