စဉ့်ကူးမြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်

စဉ့်ကူးမြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများပြား ဖမ်းဆီးရရှိ

စဉ့်ကူးမှာ မန္တလေး PDF က ပထမဆုံးဦးသိမ်းပိုက်ရရှိသော မြို့နယ်ဖြစ်လာပြီး မန္တလေးမြို့နှင့် ၅၄ မိုင်အကွာတွင် တော်လှန်ရေးတပ်များရောက်ရှိလာ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အပြည့်အ၀ သိမ်းပိုက်ရရှိကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

စဉ့်ကူးမြို့နယ်သည် မန္တလေး PDF အတွက် ပထမဦးဆုံး သိမ်းပိုက်ရရှိသော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်(၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယခုအခါ စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသောမြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့ပြီး စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ထိုက်သင့်သော ပေးဆပ်မှုအချိုရှိခဲ့ကြောင်း၊ အသက်ပေးလှူသွားခဲ့သော ရဲဘော်များအား ဦးညွှတ် အလေးပြု မှတ်တမ်းတင်အပ်ကြောင်း၊ စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ယခုတော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်သော စဉ့်ကူးမြို့နယ်သည် မန္တလေးမြို့နှင့် မိုင်ပေါင်း ၅၄ မိုင် ၈ ဖာလုံသာ ကွာဝေးတော့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *