တပ်တွင်း ပုန်ကန်မှုများ ရှိလာမည်ကို စိုးရိမ်၍ မင်းအောင်လှိုင်က လူယုံစစ်အရာရှိများကို တိုင်းစစ်ဌာနချုပ်များထံ စေလွှတ်

မင်းအောင်လှိုင်က လူယုံ ဗိုလ်မှူးချုပ် သက်ထွန်းဦးကို ကမ်းရိုးတန်းတိုင်းစစ် ဌာနချုပ်ထံသို့ စေ လွှတ်၊ တပ်တွင်း ပုန်ကန်မှုများ ရှိလာမည်ကို စိုးရိမ်၍ မင်းအောင်လှိုင်က လူယုံစစ်အရာရှိများကို တိုင်းစစ်ဌာနချုပ်များထံ စေလွှတ်ဟုဆို

အကြမ်းဖက် မင်းအောင်လှိုင်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ ဗိုလ်မှူးချုပ် သက်ထွန်းဦးကို ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဆင်ရေးများကို လက်ရှိတိုင်းမှူး ဗိုလ်မှူးချုပ်ပြည့်စုံလင်း နှင့် ပူးတွဲ လုပ်ဆောင်ရန် အထူးစေလွှတ်လိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များကပြောကြားသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းမှူးများ သူ့ကို ပြန်၍ ပုန်ကန်မည်ကို စိုးရိမ်ထိတ်လန့်နေပြီး ၎င်းယုံကြည်စိတ်ချရသော နေပြည်တော်မှ စစ်အရာရှိများကို တိုင်းစစ်ဌာနချုပ်များထံသို့ စေလွှတ် ကွပ်ကဲခိုင်းနေကြောင်း သိရှိရသည်။

ယခင် ကမ်းရိုးတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို မဖြုတ်ဘဲ မင်းအောင်လှိုင်က ၎င်း ၏ လူယုံ ဗိုလ်မှူးချုပ် သက်ထွန်းဦး၏ လက်ထဲသို့ တိုင်းစစ်ဌာနချုပ်တွင် ရှိသည့် အရေးပေါ် စစ်ဆင်ရေးဆိုင်စီမံချုက်များကို ဝကွက်အပ်လိုက်ခြင်းဖြစ် ကြောင်း ၊ လက်ရှိတိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းကို စစ်မတိုက်တတ်သည့် အနေ အထားမျိုး လုပ်ဆောင်သည့် ပုံစံဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ပြောကြားသည်။

“ကမ်းရိုးတန်းတိုင်းမှာ မွန် တစ်ဝက်နဲ့ တနင်္သာရီတိုင်းတစ်တိုင်းလုံးမှာတော့ ဒီသက်ထွန်းဦးကို မိုက်မိုက်ရိုင်းရိုင်းလုပ်ဖို့ အမိန့်တွေ ပေးလိုက်ပြီလို့ ကျွန်တော်တို့ ပြောချင်ပါတယ်။ တိုင်းစစ်ဌာနချုပ်မှာရှိတဲ့ အရေးပေါ် စစ်ဆင်ရေးဆိုင်ရာ စီမံချက်တွေကို ဒီ ဗိုလ်မှူးချုပ် သက်ထွန်းဦးကို လုံးဝ ဝကွက်အပ်လိုက်တာ။ ပြောရမယ်ဆိုရင် အရင်တိုင်းမှူး ငုတ်သွားတဲ့ အနေအထားပေါ့။ အခြေအနေမကောင်းဘူး” ဟု CDM ဗိုလ်ကြီး ဇင်ယော်ကပြောကြားသည်။

ဗိုလ်မှူးချုပ် သက်ထွန်းဦးသည် မင်းအောင်လှိုင်၏ လက်ကိုင်တုတ် အဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ပြီး မင်းအောင်လှိုင် ပြောသမျှ လုပ်မည့် အနေအထားမျိုး ဖြစ် ကြောင်း၊ ထို့အတွက် တိုင်းမှူးကို ကျော်၍ ထပ်လွှတ်ခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“တိုင်းမှူးကလည်း မအလလူယုံ။ အခု သူလွှတ်တဲ့သူကလည်း အထက်တင်စရာ မလို ဆိုတော့ ဒုစစ်ခေါင်းဆောင် စိုးဝင်းအထိကို Undermine လုပ်တဲ့သဘောရှိတယ်” ဟု အခြားတပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

ဓာတ်ပုံ- ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ လက်ရှိ တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း။


Comments

Leave a Reply

Your email address will not be published. Required fields are marked *