မကွေးတိုင်း ပခုက္ကူက ရေစကြိုမြို့ကို လာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံပြီး စစ်သုံ့ပန်းတွေနဲ့ သေနတ်တွေဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ရေစကြိုမြို့ကို ထွက်လာတဲ့ စစ်ကောင်စီကား ၃ စီးပါယာဉ်တန်းတိုက်ခိုက်ခံပြီး စစ်သုံ့ပန်းတွေနဲ့ သေနတ်တွေဖမ်းဆီးရမိတယ်လို့ Southern YSO PDF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၁၀ရက်နေ့လယ် ၁နာရီမှာ ပခုက္ကူမြို့ကနေ ရေစကြိုမြို့သို့ သွားတဲ့ အာဏာသိမ်းစစ်အုပ်စု စစ်ကားသုံးစီး ပါ ယာဉ်တန်းကို Southern YSO PDF ရဲ့နတ်မိချောင်းစစ်ဆင်ရေးစစ်ကြောင်းက ပူးပေါင်းမဟာမိတ်တွေနဲ့ အတူ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၅ ဦး သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် စစ်သား ၅ ဦး အပါအဝင် G3 ၄ လက်၊ G3 ကျည် ၃၀၀နဲ့ ကာဘိုင်ကျည် ၅၀၀ ကို ရရှိခဲ့တယ်လို့ Southern YSO PDF က ထုတ်ပြန်ပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို Southern YSO PDF၊ BNRA၊ မြိုင်ပကဖ၊ ပြည်သူ့အားမာန်၊ M.V.P Revolution Forceနဲ့ အလင်းတန်းပြောက်ကျားတို့က ပူးပေါင်းတိုက်ခိုက်ခဲတာဖြစ်တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *