တကောင်းမြို့ကို PDF များသိမ်းပိုက်

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်။

တကောင်းမြို့မှစစ်ကောင်စီစခန်းများကိုဩဂုတ်လ ၁၁ရက် နံနက် ၅နာရီခန့်မှ စ၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ယနေ့(ဩဂုတ်လ ၁၂ရက်) ညနေ၌ အပြီးသတ်သိမ်းပိုက်ရရှိခြင်းဟုကနဦး သတင်းရရှိသည်။

” တကောင်းရပြီ” ဟု မြေပြင်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက အတည်ပြုပြောကြားသည်။ မြို့သိမ်းတိုက်ပွဲအ​ခြေအ​နေအ​သေးစိပ်ကိုမူ သတင်းမရရှိ​သေး​ပေ။

တကောင်းမြို့မရဲစခန်း၊ တ််ိုက်ဆေးရုံတို့မှ စစ်ကောင်စီတပ်စခန်းများကိုသြဂုတ် ၁၁ ရက်ညနေပိုင်းတွင် သိမ်းဆည်းရရှိခဲ့သည်။

ထို့​နောက်လေးမျက်နှာဘုရားဝင်းတွင်တပ်စွဲထား​သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDFများကဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ခုခံခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တကောင်းမြို့သည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နှင့် မန္တလေးတိုင်းသပိတ်ကျင်းမြို့ကြား၌တည်ရှိသည်။ ထီးချိုင့်မြို့မှ တရုတ်အစိုးရရင်းနှီးမြှုပ်နှံထားသည့် နီကယ်စက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသလို မြို့ပတ်ချာလည်ကိုလည်း ထိန်းချုပ်ထားသည်။

သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီစခန်းများကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များကဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်။

ထီးချိုင့်၊ တ‌ကောင်း၊သပိတ်ကျင်းမြို့နယ်များသည် စစ်အာဏာရှင်အောက်မှ ဆက်တိုက်ဆိုသလိုလွတ်မြောက်တော့မည်ဟုဒေသခံတဦးကပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *