ဂန့်ဂေါရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း ၊ရေနံမှော် ကင်းစခန်းကို တိုက်ခိုက် သိမ်းပိုက်

ဂန့်ဂေါရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း ၊ရေနံမှော် ကင်းစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဗိုလ်ကြီးသော်ဇင်အောင်၊ ဒုရဲအုပ်ကိုကိုအောင် အပါအဝင် ၁၂ ဦးသေဆုံးပြီး ၁၂ ဦးဖမ်းဆီးရရှိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်း ၊ရေနံမှော်ကင်းစခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီးသော်ဇင်အောင်၊ ဒုရဲအုပ်ကိုကိုအောင်အပါအဝင် ၁၂ ဦးသေဆုံးပြီး ၁၂ ဦးဖမ်းဆီးရရှိကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ် ပြန်သည်။

ဩဂုတ်လ ၁၆ ရက်နေ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်အတွင်း MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နှင့် ရေနံကျင်းကင်းစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း၊ စစ်ကောင်စီ၏ ကပစ-၂၃ မှ ဗိုလ်ကြီး သော်ဇင်အောင်နှင့် ဒု-ရဲအုပ် ကိုကိုအောင် အပါအဝင် ၁၂ ဦး သေဆုံးပြီး ကပစ-၂၃ မှ ဒု-အရာဗိုလ် ဝင်းမြင့်ထွန်းအပါ ၁၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးကြောင်း သိရှိရသည်။

စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၃၀ လက်၊ ကျည်မျိုးစုံ ၂၆၀၀ ကျော်၊ မိုင်း ၇ လုံး၊ ဗုံးသီး ၆ လုံးနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

အဆိုပါစစ်ဆင်ရေးတွင် ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ABSDF၊ KKG တပ်ရင်း (၄၊ ၅၊ ၆)၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (Hyper UAV Force) နှင့် ကျောတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *