ပျူစောထီးဘုန်းကြီး ဦးဝါယမဦးဆောင်တဲ့တပ်တွေအထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းကို PDF တွေတိုက်ခိုက်

မကွေးတိုင်း ၊ မြိုင်မြို့နယ်၊ ညောင်ဂျစ်ပင်ရွာက ပျုစောထီးခေါင်းဆောင်ဘုန်းကြီး ဦးဝါယမ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေ အထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ညောင်ဂျစ်ပင်ရွာရဲ့အရှေ့ဖျားဘက်ရှိ ဘုန်းကြီးကျောင်းအတွင်း အင်အား ၅၀ ဝန်းကျင်နဲ့ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့ကို သြဂုတ် ၁၉ ရက် ဒီကနေ့ မနက် ၅ နာရီဝန်းကျင်မှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁ နာရီလောက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက် ၃ဥိးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *