တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ လက်အောက်ခံ နဂါးနီစစ်ကြောင်း၏ အခြေခံစစ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ လက်အောက်ခံ နဂါးနီစစ်ကြောင်း၏ အခြေခံစစ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်၃ လက်အောက်ခံ နဂါးနီစစ်ကြောင်း၏ စစ်အခြေခံသင်တန်းအပတ်စဉ် ၂ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရသည်။

နဂါးနီစစ်ကြောင်း စစ်အခြေခံသင်တန်းကို CDM တပ်မတော်သားများက စစ်အခြေခံ သင်ရိုး ညွှန်းတမ်းများ အတိုင်း စစ်ရေးပြ၊ လက်နက်ငယ်၊ ကိုယ်စီ ၁၈ မျိုး၊ အခြေခံစစ်နည်းဗျူဟာနှင့် စစ် သည်တော်ကျင့်ဝတ်များအား လေ့ကျင့်သင်ကြားပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ စစ်ဒေသခွဲအမှတ်၃ မှ ကိုဂျူပီတာက ကာကွယ်ရေး ဝန်ကြီးဌာနမှ ပေးပို့သော သဝဏ်လွှာအား ဂုဏ်ပြုဖတ်ကြားပေးခဲ့ပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)မှ တပ်မှူးများ၊ စစ်ဒေသခွဲမှ ဦးစီးအရာရှိများ တက်ရောက် ဂုဏ်ပြုပေးခဲ့ကြကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *