ရန်ကုန်တွင် စစ်​ကောင်စီတပ်ကိုထိ​ရောက်စွာတိုက်ခိုက်နိုင်ရန် PDF စုဖွဲ့မှုပြင်ဆင်

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းမှ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်း၍ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-၁ ကို ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့၏ တာဝန်ခံ ကိုမီးပွားကပြောသည်။

“အဓိကကတော့ စကစကို တိုက်ခိုက်တဲ့နေရာမှာ ပိုပြီး ထိရောက်အောင်ရယ် ၊ရန်ကုန်ကိုပြန်ဖို့ ရန်ကုန်ကို တိုက်ဖို့ အတွက်လည်းပါပါတယ်ဗျ။တောင်ပိုင်းတိုင်းစစ်ဒေသခွဲ (၂ )ကနေသွားရမှာဆိုတော့ ရန်ကုန်အဖွဲ့တွေ စုဖွဲ့ပြင်ဆင်ထားဖို့လိုပြီလေ” ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၁ ကို ရန်ကုန်တောင်ပိုင်းခရိုင်ဇုန် မှ ခရမ်းမြို့နယ် ၊ သုံးခွ မြို့ နယ်၊ ကျောက်တန်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်မှ လူငယ်အဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဩဂုတ် ၁၉ ရက်တွင်ထုတ်ပြန်အသိ​ပေးခဲ့ခြင်းဖြစ်သည်။

“ကျတော်တို့ကတော့ စုဖွဲ့ ပြင်ဆင် တည်ဆောက် တော်လှန် ဆိုတဲ့ အချက်တွေပေါ် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေသလို လက်ရှိမှာလည်း ဒေသခံ Eros တွေနဲ့လည်း ပေါင်းစပ်ပြီး စကစ ကို တော်လှန်တိုက်ခိုက်နေပါတယ်”ဟုကိုမီးပွားကပြောသည်။

ထို့ပြင် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၁ ကို အမျိုးသားညီညွှတ်ရေး အစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ မူအတိုင်း စနစ်တကျဖွဲ့စည်းထားပြီးတိုက်ခိုက် ရေးအင်အားအရ တပ်ခွဲ (၁) ၊ တပ်ခွဲ (၂) အဖြစ် စီမံကွပ်ကဲလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

“မန်းလေး PDF တွေအိမ်အပြန်လမ်းဟာ အင်မတန်အားရခဲ့ကြတယ် ။သူတို့အဲ့လို ဖြစ်လာအောင် ကြိုးစားခဲ့ကြတာ နှစ်နဲ့ချီခဲ့ပါတယ် ခက်ခဲပင်ပမ်းဆင်းရဲခဲ့ကြတယ် ဝေဖန်မှု တိုက်ခိုက်မှုတွေလည်း ရင်ဆိုင်ခဲ့ကြရတယ်။ ကြိုးစားမှုရဲ့ရလဒ်က အောင်ပွဲတခုပါ ခုချိန်သူတို့ အောင်မြင်မှုရဲ့ ရလဒ်ကို ခံစားကြရပြီ ပီတိဖြစ်ရတယ်။ အဲ့လိုဘဲ ကျတော်တို့ ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ကလည်း ခုချိန်မှာ သူတို့လည်းလိုဘဲ ခက်ခဲပင်ပမ်းဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ ကြိုးစားမှုရဲ့ ရလဒ်ဟာ တချိန်မှာ ရန်ကုန်တိုင်းပြည်သူတွေရဲ့ အောင်သပြေနဲ့ ဆီးကြိုမယ့် ကြိုဆိုပွဲကိုလည်း ကျတော်တို့ရရှိမှာပါ ။မန်းတောင်ရိပ်ကို ခိုလှုံနိုင်ခဲ့သလိုရန်ကုန်မှာ ပြန်ဆုံကြမယ်လို့ ပြောပါရစေ” ဟု ကိုမီးပွားကဆက်ပြောသည်။

(ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁)မှ PDFများ )


Comments

Leave a Reply

Your email address will not be published. Required fields are marked *