ထီးချိုင့်မြို့ အထက်ပိုင်းတွင် စစ်တပ်၏ သံခွန် သင်္ဘော ၁ စီးကို KIA က ပစ်ခတ် နစ်မြုပ်

ထီးချိုင့်မြို့ အထက်ပိုင်းတွင် စစ်တပ်၏ သံခွန် သင်္ဘော ၁ စီးကို KIA က ပစ်ခတ် နစ်မြုပ်လိုက်ပြီး စစ်ကောင်စီ တပ်သားများ သေဆုံးမှုများပြား

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ အထက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ သံခွန် သင်္ဘော ၁ စီးကို KIA က ပစ်ခတ် နစ်မြုပ်လိုက်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သေဆုံးမှုများပြားကြောင်း KIA ၏ စစ်ရေးသတင်းရေးမြစ်က ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် ထီးချိုင့်မြို့ အထက်ပိုင်း၌ အကြမ်းဖက် စစ်တပ်၏ သံခွန် သင်္ဘော အုပ်စုကို KIA ၊ PDF ပူးပေါင်းတပ်က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သံခွန် ၁ စီး နစ်မြုပ်သွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သေဆုံးမှုများနိုင်ကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်သင်္ဘော အုပ်စုမှ ကျန်ရှိနေသော သံခွန် ၃ စီးသည် ဆက်လက် ထွက်ခွာနိုင်ခြင်းမရှိသေးဘဲ ရေလယ်ကျွန်းတွင် ရပ်နားထားကြောင်း သိရှိရသည်။

“ဒီနေ့ ညနေပိုင်း ထီးချိုင့်အထက်နားမှာ စစ်ခွေး သံခွန်သ​ဘော ၁ စီးကို KIA၊ PDF ပူးပေါင်း တပ်တွေက ပစ်ခတ်နစ်မြုပ် လိုက်ပါတယ်။ ၃ စီးက ရေလယ်ကျွန်းမှာ ရပ်ထားတယ်။ ဟန့်တားတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ စစ်ခွေးတွေ သေဆုံးမှုများနိုင်တယ်။ အခုထက် စစ်ခွေး သင်္ဘောတွေ ဆက်တက်လို့မရဘူး။ ကသာ မရောက်သေးဘူး” ဟု KIA ၏ စစ်ရေးသတင်းရေးမြစ်က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *