ခင်ဦးနယ် မဒေါင်းလှရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စု ၃၀ ကျော်သေပြီး ငါးဦး အရှင်ဖမ်းမိ

စခန်းမကျဖို့ လေကြောင်းကနေ စစ်အုပ်စု အပြင်းအထန် ဗုံးကြဲခုခံ

လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်ခြောက်ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မြောက်ဘက်မှာရှိတဲ့ မဒေါင်းလှရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုက စခန်းမကျဖို့ လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက် ကျဆုံးမှုရှိခဲ့သလို မဒေါင်းလှကျေးရွာလည်း (၇၀) ရာခိုင်နှုန်းကျော် မီးလောင်ပျက်စီးသွားတယ်လို့ မြေပြင်တိုက် ပွဲဝင် တော်လှန်ရေးရဲဘော်ကပြောပါတယ်။

“ခြောက်ဦးခန့် ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိတယ်” လို့ အဆိုပါ တော်လှန်ရေးရဲဘော်က ဆိုပါ တယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဩဂုတ်လ (၃၁) ရက်မှာ မဒေါင်းလှရွာ ပျူစောထီးစခန်းကို ထိုးစစ်ဆင်တိုက် ခိုက်ခဲ့တာဖြစ်ပြီး စခန်းအတွင်းရှိ ဘန်ကာတွေအပါအဝင် ရွာကို စီးနင်းသိမ်းပိုက်ထားနိုင်ခဲ့ပေမဲ့ စစ်အုပ်စုဘက်က စခန်းမကျအောင် ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေ အသုံးပြုပြီး ရွာထဲကို အဆက်မပြတ်ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အဆိုပါ ရဲဘော်က ဆိုပါတယ်။

“ကျွန်တော်တို့ဘက်က အသာစီးနဲ့ တိုက်ခိုက်နိုင်ခဲ့တာ။ သူတို့(စစ်အုပ်စု)စခန်းထဲက ဘန်ကာတွေ အားလုံးကို လည်း ဖြိုဖျက်ထားနိုင်ပြီ။ ရွာထဲကိုလည်း ကျွန်တော်တို့က အားလုံးနီးပါးပေါ့ ထိန်းချုပ်ထားနိုင်ပြီ။ ရွာမြောက် ဘက်နဲ့ တောင်ဘက်အစွန်မှာပဲ နှစ်နေရာကျန်တော့တာ။ အဲဒီ နှစ်နေရာတိုက်ပြီးရင် အားလုံးသိမ်းပြီးသွားပြီ။ စ ခန်း အားလုံးရှင်းလင်းခါနီးမှ လေယာဉ်က အဆက်မပြတ် ရွာထဲကို ဗုံးတွေကြဲတာ။ ဘုန်းကြီးကျောင်းတွေရော ဘု ရားစေတီတွေပါမကျန် ဗုံးကြဲတာ။ သူတို့ လေယာဉ်နဲ့ ဗုံးကြဲတော့ ရွာထဲက နေအိမ်တွေလည်း မီးလောင်ပျက်စီး ကုန်တယ်။ ရွာထဲက ကျွန်တော်တို့ ရဲဘော်တွေရှိနေတဲ့ နေရာတွေကို အတိအကျနဲ့ ပစ်ခတ်တာတွေ လုပ်လာတယ်။ ကျွန်တော်တို့ရဲဘော်တွေလည်း ထိခိုက်တာတွေဖြစ်လာတယ်။ ကိုယ့်လူတွေအတွက် လုံခြုံမှုမရှိတော့ဘူး။ ဒါ ကြောင့် ကျွန်တော်တို့ ပြန်ဆုတ်ခွာလာခဲ့တယ်” လို့ မြေပြင်တိုက်ပွဲဝင် တော်လှန်ရေး ရဲဘော်က ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဘန်ကာတွေကို ဖြိုဖျက်ပြီးနောက် ရွာကိုစီးနင်းထားနိုင်မှာ စစ်အုပ်စု တပ် သား တွေ လက်နက်ချဖို့ ခဏ အပစ်ရပ်ပေးခဲ့ပေမဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေက လက်နက်မချဘဲ လေကြောင်းပစ်ကူ စောင့်ပြီး ခုခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“လေယာဉ်မပစ်ခင်မှာ ကျွန်တော်တို့က ရွာထဲက စခန်းတွေအားလုံး သိမ်းထားနိုင်သလိုသူတို့(စစ်အုပ်စုနဲ့ပျူ)ဘက် က အယောက် (၃၀) ကျော်လောက်ကိုပါ ချေမှုန်းသုတ်သင်ထားပြီးသွားပြီ။ အဲဒီအချိန်မှာ လက်ကျန်ရှိနေသေးတဲ့ သူတို့ကို အလံဖြူထောင် အလင်းဝင်ကြဖို့ရာအတွက် ကျွန်တော်တို့ဘက်က ပစ်ခတ်တာတွေ ခဏရပ်ပေးလိုက် သေးတယ်။ ကောင်းကောင်းမွန်မွန်လာပါ ဘာမှမလုပ်ပါဘူးလို့။ ဒါပေမဲ့ သူတို့ကပြန်ခုခံတဲ့အတွက် တိုက်ပွဲပြန် ဖြစ်တယ်။ အဲဒီအချိန်မှာ လေယာဉ်က အပေါ်ကနေ တောက်လျှောက်ကို ရွာထဲကို အဆက်မပြတ် ဗုံးကြဲချနေတာ။ လေကြောင်းပစ်ကူတွေနဲ့ ကျွန်တော်တို့ရဲဘော်တွေ ထိခိုက်မှုရှိလာတာကြောင့် ပြန်ဆုတ်ခွာခဲ့တာပါ” လို့ မြေပြင် တိုက်ပွဲဝင်တော်လှန်ရေး ရဲ‌ဘော်က ပြောပါတယ်။

လေကြောင်းဗုံးကြဲမှုဒဏ်ကြောင့် ပျူစောထီးစခန်းကို မသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရပေမဲ့ စစ်အုပ်စုသုံ့ပန်း တ ချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းယူရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ရွာထဲက ပျူစောထီး ငါးဦး အရှင်ဖမ်းမိခဲ့တယ်။ တိုက်ပွဲထဲ သေတဲ့ပျူတွေတွေဆီကနေလည်း လက်နက်ခဲယမ်း တွေရခဲ့တယ်” လို့ အဆိုပါ တော်လှန်ရေးရဲဘော်က ပြောပါတယ်။

မဒေါင်းလှရွာ ပျူစောထီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုနဲ့ ပျူစောထီး အယောက် (၃၀) ထက်မနည်း သေဆုံး ခဲ့ပြီး စစ်အုပ်စုနဲ့ပျူစောထီးတွေဆီက ကာဘိုင်၊ ဂျီသရီး၊ အမ်အေ ဝမ်း၊ ပြောင်းချော စတဲ့ သေနတ် အမျိုးအစားတွေ နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိထားပြီး အသေးစိတ်ကို ထပ်မံ သတင်းထုတ်ပြန်ပေးသွားမယ် လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မဒေါင်းလှရွာ ပျူစောထီးစခန်းကို ကန့်ဘလူနယ် ဇီးကုန်းသကြားစက်ကနေ စက်တင်ဘာ လ (၁) ရက် ညနေပိုင်းမှာ စစ်အုပ်စုနဲ့ သင်္ကန်းဝတ်ဝါသဝရဲ့ ပျူစောထီးတွေပါတဲ့ အင်အား (၁၇၀) ခန့် စစ်ကူလာ ရောက်ခဲ့သလို မနေ့က ညနေပိုင်းမှာလည်း Y-12 ဘက်စုံသုံး လေယာဉ်နဲ့ ပျူစောထီးစခန်းဝန်းကျင်ကို ရိက္ခာနဲ့ ခဲ ယမ်းတွေ ချထားပေးခဲ့တယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မဒေါင်းလှရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်အုပ်စုဟာ စက်တင်ဘာလ (၁) ရက်က စပြီး မ ဒေါင်းလှရွာ အနီးဝန်းကျင်က ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စီးနင်း လုယက် မီးရှို့နေတဲ့အတွက် ဒေသခံပြည်သူ အ များအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ် မဒေါင်းလှရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဩဂုတ်လ (၁၇) ရက်မှာ စတင်တိုက် ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါ စခန်းသိမ်း တိုက်ပွဲကာလအတွင်း စစ်အုပ်စုက နေ့စဉ်လိုလို လေကြောင်း ကနေ ကျေးရွာ တွေကို ဗုံးကြဲပစ်ခတ်နေတာကြောင့် ဩဂုတ်လ (၁၉) ရက်ကနေ (၃၁) ရက်အတွင်း ဒေသခံပြည်သူတစ်ဦးသေ ဆုံး ပြီး (၁၀) ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်၊ အဆောက်အအုံ အချို့လည်း ထိခိုက်ပျက်စီးထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မဒေါင်းလှရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတာနဲ့ ရွာစဉ်ပတ် မွှေစီးနင်း လုယက်မီးရှို့နေတာကြောင့် အနီးဝန်းကျင်မှာရှိတဲ့ မဒေါင်းကြီး၊ ရွှေကာ၊ ရှားတော၊ ဆီဆုံလေး၊ စည်ပုတ္တ ရာ၊ ပေါက်တော၊ အင်ကြင်းပင်၊ စောကြီး၊ ဖန်းကားကုန်း၊ ငကြိုင်း၊ ပေကုန်း၊ သရက်ကန် စတဲ့ ကျေးရွာပေါင်း (၁၀) ရွာထက်မနည်းရှိ ဒေသခံပြည်သူတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေတယ် လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မဒေါင်းလှရွာ ပျူစောထီးစခန်းဟာ ခင်ဦးမြို့မြောက်ဘက် (၇) မိုင်ခန့်အကွာမှာ တည်ရှိပြီး ရွှေဘို-ခင်ဦး-ဇီးကုန်း-ထန်းကုန်း သွားလမ်းပိုင်းဖြစ်တဲ့ မူးဘောင်လမ်းဘေးမှာ တည်ရှိတာဖြစ်သလို ခင်ဦးနဲ့ ကန့်ဘလူမြို့နယ် အစပ်မှာ တည်ရှိပြီး အချက်အချာကျတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ခင်ဦးမြို့နယ်မှာ မဒေါင်းလှ၊ မကျီးတုံ၊ ပျဉ်ထောင် စတဲ့ ပျူစောထီးစခန်းတွေရှိသလို မြို့ပေါ်မှာလည်း ဆေးရုံ၊ ရဲစ ခန်းနဲ့ မင်းသိုက်ဆေးဆိုင် လမ်းဆုံ စတဲ့ နေရာတွေမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားပြီး ရွာစဉ် ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့၊ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ မကြာခဏ ကျူးလွန် နေ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *