KNU တပ်မဟာ ၅ နယ်မြေတွင် ဩဂုတ်လတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၃၅ ဦးသေဆုံး

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဩဂုတ်လတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၃၅ ဦးသေဆုံးကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တိုက်ပွဲများအတွင်း KNU ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲပေါင်း ၁၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အထက်ပါ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၃၅ ဦးသေဆုံးသွားကြောင်း၊ စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေးတပ်များဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ဩဂုတ်လ တစ်လတာအတွင်း လက်နက်ကြီးအလုံးရေ ၂၂ လုံးရမ်းသမ်းပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခိုင်းနွားတစ်ကောင်ပါ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *