ပင်လည်ဘူးကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

သုံ့ပန်း (၆၀)ကျော်နှင့် လက်နက် (၈၀)ကျော် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များမှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ (၆)ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ရှိ စကစတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် PDF ပူးပေါင်းတပ်များမှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်လက်နက်နှင့် စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များမှ အမျိုးအစားစုံစစ်လက်နက် စုစုပေါင်း (၈၀)ကျော်ကို သိမ်းဆည်းရမိပြီး စကစ စစ်သုံ့ပန်း အယောက် (၆၀)ကျော်ကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

ပင်လည်ဘူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များမှ ပြီးခဲ့သည့် ဩဂုတ်လ (၁၅)ရက်နေ့မှစ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပြီး ယနေ့ စက်တင်ဘာလ (၆)ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ စစ်သည်တော် အချို့ အသက်ပေးလှူခဲ့ရပြီး ဒဏ်ရာရရှိခဲ့သူများလည်း ရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *