သီပေါ (၅၀၃) (၅၀၄)တပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီရဲ့ အလောင်းတွေ သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိ

သီပေါ (၅၀၃) (၅၀၄)တပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီရဲ့ အလောင်းတွေ သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိ

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကနေ ပြန်လည်စတင်ခဲ့တဲ့ သီပေါမြို့တိုက်ပွဲဟာ လက်ရှိ တအာင်းတပ်ဘက်က စစ်ကောင်စီရဲ့ (၅၀၃) (၅၀၄)တပ်တို့ကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီရဲ့အလောင်းတွေနဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။

“အလောင်းကတော့ များတယ်။ အကုန်ရှာမတွေ့သေးတော့ အရေအတွက်မသိရသေးဘူး။ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေလည်း ဖမ်းမိထားတယ်။ အကုန်လုံးကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်”လို့ ပြောပါတယ်။

စခန်းကနေစွန်ခွါချိန် စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိထားပြီး အချို့က မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆိးရမိထားတဲ့ စစ်သုံ့ပန်းအရေအတွက်နဲ့ လက်နက်အရေအတွက်တွေကို ရွှေဖီမြေက အတိအကျအတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာတော့ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ (၂၃)တပ်ကို ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေအပြင်းအထန်ခုခံနေပြီး ထိခိုက်သေဆုံးတဲ့ အရပ်သားတွေလည်း တိုးလာနေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *