Myaing Villages Revolution Front (MVRF) မှ ကျဆုံးရဲဘော် ၇ ဦးရဲ့ မိဘများထံ သွားရောက်ထောက်ပံ့

Myaing Villages Revolution Front (MVRF) မှ ကျဆုံးရဲဘော် ၇ ဦးရဲ့ မိဘများထံ သွားရောက်ထောက်ပံ့၊ လစဥ်ထောက်ပံ့နိုင်ရန် ​ကြိုးစားနေတယ်လို့ဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် Myaing Villages Revolution Front (MVRF) မှ ကျဆုံးရဲဘော် ၇ ဦးရဲ့ မိဘများထံ မနေ့က အောက်တိုဘာ ၂ ရက်နေ့မှာ ထောက်ပံ့မှုများသွားရောက်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ဤအချိန်တွင် သူတို့ရဲ့ ကြိုးစားမှု၊ အဖွဲ့အစည်းကို တို့အနေနဲ့ ကြိုးစားနေသလို အသက်ရှင်လျှက် တော်လှန်ရေးတာဝန်များအား ပြီးဆုံးသည်အထိ ပိုင်းဖြတ် တာဝန်ထမ်းဆောင်လျှက်ရှိသော ကျွန်တော်တို့ရဲ့ ရဲဘော်များအတွက်လည်း ဆက်လက်ပြီးကူပေးကြပါဦးခင်ဗျာ”လို့ Myaing Villages Revolution Front (MVRF)က သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *