ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၄၄ ကြိမ်ဖြစ်ပွား

ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၄၄ ကြိမ်ဖြစ်ပွားပြီး တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦး အပါအဝင် စစ်သား ၄၇ ဦး သေဆုံး

ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၄၄ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် စစ်သား ၄၇ ဦးသေဆုံးခဲ့ကြောင်း မူတြော်ခရိုင်က ထုတ်ပြန်သည်။

စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖာပွန်(မူတြော်)ခရိုင်အတွင်း၌ KNLA-အမှတ် ၅ တပ်မ ဟာ နှင့်အတူ ပူးပေါင်းတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်စစ်ရှုံးကောင်စီကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း ၁၄၄ ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ရှုံးကောင်စီမှ ၄၇ ဦးသေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲများအတွင်း သေဆုံးသူများတွင် အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးနှင့် ဒုတပ်ခွဲမှူး ၁ ဦးတို့ပါဝင်ပြီး ဒဏ်ရာရရှိသူများတွင် တပ်ရင်းမှူး ၁ ဦး ပါဝင်ကြောင်း သိရသည်။

စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်ရှုံးကောင်စီမှ ဖာပွန် (မူတြော်)ခရိုင်အတွင်းရှိ ပြည်သူလူထု နေထိုင်ရာ ကျေးရွာများ၊ လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ် မှု လက်နက်ကြီး အလုံးရေ ၉၉ လုံး ရှိပြီး အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *