သေဆုံးသွားသော စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိ

ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထား

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံကို ဝိုင်းကျေးရွာ ရဲစခန်းမှ တက်လာသည့် အင်အား ၄၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး သေဆုံးသွားသော စစ်ကောင်စီ တပ်သား အလောင်းများကို လက်ရှိချိန်ထိ လာရောက်ကောက်ယူခြင်းမရှိသေးဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားကြောင်း သိရှိရသည်။

“စစ်ခွေးတွေက မိုင်းကွင်းတွေကို ရှောင်ပြီးလာတာ အင်အားက ၄၀ ကျော်ပါတယ်။ မသာအလောင်းတွေ ခုထိ ကောက်သူမရှိဘူး။ လယ်ကွင်းတွေထဲမှာ သေနေတာ စစ်ခွေးအလောင်းတွေ ခွေးစားတာစားနဲ့ ပုပ်စော်နံနေပြီ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ၆၀မမ(BA-100) ၁လက်၊ MA-1 ၁လက်၊ G-3 ၂လက်၊ အီနာဂါ ၁လုံး၊ ၆၀မမ ကျည်၁လုံး၊G-3 ကျည် ၁၈၁တောင့်၊ ၅.၅၆ ကျည် ၁၃တောင့်၊ မိုလ်ဘိုင်းဖုန်း ၅ လုံးနှင့် အခြား စစ်အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများအနီး သွားလာနေထိုင်မှုများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ဆက်လက် ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *