ပွင့်ဖြူတွင် စစ်သား စုဆောင်းနေသူ ရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင်အိမ်ကို မိုင်းခွဲ

ပွင့်ဖြူတွင် စစ်သား စုဆောင်းနေသူ ရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင်အိမ်ကို မိုင်းခွဲမှု မြို့မရဲစခန်းမှူး အပါအဝင် အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ်ဘက်မှ ၅ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင်က စစ်မှုထမ်းဥပဒေ ထမ်းဆောင်ရန်အတွက် အတင်းအဓမ္မ လူစာရင်းကောက်ခံခြင်းအပါအဝင် ပြည်သူများကို စိတ်ဒုက္ခရောက်စေသော ဆိုးရွားသည့် လုပ်ရပ်များ လုပ်ဆောင်သည့်အတွက် ၎င်း၏ အိမ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မြို့မ ရဲစခန်းမှူးအပါအဝင် ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း တာဝန်ရှိသူက ပြောကြားသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အိမ်ရှေ့တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သာဒွေးအောင်၏ သား၊ ရဲစခန်းမှူး၊ ပျူစောထီး ၊ ဝါတပ်မှ အကြမ်းဖက်စစ်သားနှင့် တပ်ကြပ် တို့ ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး သာဒွေးအောင်က စစ်မှုထမ်းရန်အတွက် ရပ်ကွက်နေပြည်သူများအပေါ် ငွေကြေးကောက်ခံခြင်းများ၊ သန်းခေါင် စာရင်း ကောက်ယူခြင်းနှင့် ပြည်သူများကို စိတ်ဒုက္ခရောက်စေသော ဆိုးဆိုးရွားရွား လုပ်ရပ်များကို ကျူးလွန်လာကြောင်း ပြည်သူများမှ အသိပေးတိုင်ကြားလာသဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ဆောင်ရွက်နေသော သာဒွေးအောင်ကို မင်းဘူးခရိုင်တပ်ရင်း ၄ က အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပထမအကြိမ် မိုင်းကွဲအပြီးတွင် ပွင့်ဖြူမြို့နယ်မြေရဲစခန်းမှ ရဲစခန်းမှူး အပါအဝင် ရဲတပ်သားများနှင့် အကြမ်းဖက်စစ်သားများ လာရောက်စစ်ဆေးသည့်အချိန်တွင် ထမ်မံ၍ ဒုတိယအကြိမ် အဝေးထိန်းမိုင်းအကြီးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ပွင့်ဖြူမြို့မ စခန်းမှူးအပါအဝင် ၅ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း တာဝန်ရှိသူက ပြောကြားသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများ၏ ဂိတ်များအနီးတွင်နေခြင်း ၊အကြမ်းဖက်စစ်သားများနှင့် နီးနီးကပ်ကပ်နေခြင်း၊ စကစ ၏ ထောက်တိုင်ဆောင်ရွက် လုပ်ဆောင်မှုများနှင့် လုံးဝမပြုလုပ်ကြရန်နှင့် ဝေးဝေးရှောင်ကြဥ် နေထိုင်ပေးကြရန် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ကြောင်းလည်း မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း က သတိပေးချက်ထုတ်ပြန်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *