သန်းခေါင်စာရင်း ကောက်ရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်

ရေတာရှည်ရှိ ကျေးရွာများသို့ သန်းခေါင်စာရင်း ကောက်ရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာများသို့ သန်းခေါင်စာရင်း ကောက်ရန် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်ရှိ ကျေးရွာများကို သန်းခေါင်စာရင်း ကောက်ယူရန် စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်သားများကို ညောင်ကိုင်းရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” ဒီလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ ကျန်တော်တို့ ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်။ သန်း ခေါင်စာရင်း ကောက်ဖို့ အင်အား ၈၀ ကျော်ပါတဲ့ စစ်ခွေး စစ်ကြောင်းက ထိုးလာတာ ညောင်ကိုင်းကျေးရွာနားမှာပဲ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ခွေး ၄ ကောင်သေတယ်” ဟု ရေတာရှည်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေတာရှည် မြို့နယ် ပကဖ အဖွဲ့နှင့် အလယ်ထူး ၉၉၁၈ အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *