တမူးမြို့နယ် နမွန်းတားကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ကသည်းလက်နက်ကိုင် ၃ ဦးသေ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နမွန်းတာား ကျေးရွာမှာ မနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၄ နာရီခန့်က ထိုးစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ တမူးခရိုင်တပ်ရင်းနဲ့ မဟာမိတ် ပူပေါင်းတပ်ဖွဲ့ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါ တယ်။

ယင်းတိုက်ပွဲမှာ စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် အလောင်း (၃) လောင်းနဲ့ အရှင်တစ်ဦး ဖမ်းမိထားတယ်လို့ပြောပါ တယ်။

“မနေ့ မနက်က စကစ ဘက်က ထိုးစစ်ဆင်လာတာ။ အဲမှမှာတိုက်ပွဲစဖြစ်တော့တာပေါ့” လို့ ၎င်းတို့နဲ့နီးစပ်သူက Zalen ကိုပြောပါတယ်။ ၎င်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ရင်း ၄ (TSG) ဘက်က ရဲဘော် သုံးဦးမြင့်မြတ်စွာ အသက်ပေးလှူခဲ့တယ်လို့သိရပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရ် ခွဲထွက် ကသည်းလက်လက်နက်ကိုင် တပ်ဖွဲ့များဟာ စစ်တပ်အာဏာမသိမ်းခင်ကစလို့ မြန်မာနိုင်ငံမှာ ခိုလုံနေခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါ့ပြင် အိန္ဒိယ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ တန်ကူး နာဂ လက်နက်ကိုင် အဖွဲ့ကလည်း ယခုအခါ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့အား တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့များက ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *