မြင်းခြံနယ် ကူရွာကဒေါ်ပြုံးကြည်ကို သီတာယုမွန်ပျူအဖွဲ့က သတ်ပြီး လက်ဝတ်ရတနာတွေခိုးယူသွား

မြင်းခြံနယ် ကူရွာကဒေါ်ပြုံးကြည်ကို သီတာယုမွန်ပျူအဖွဲ့က သတ်ပြီး လက်ဝတ်ရတနာတွေခိုးယူသွား

မန္တလေးတိုင်း၊ မြင်းခြံမြို့ တောင်ဘက်အထွက် ကူရွာသူ ဒေါ်ပြုံးကြည် အသက် ၅၅နှစ်ကို သီတာယုမွန်ပျူအဖွဲ့က သတ်ဖြတ်ပြီး လက်ဝတ်ရတနာတွေကို ခိုးယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့မနက် ၅နာရီခွဲက ကူရွာထဲ ဆိုင်ကယ်၃စီး၊ ကား ၂စီးနဲ့ဝင်ရောက်လာပြီး ဒေါ်ပြုံးကြည်ကို သတ်ဖြတ်ကာ လက်ဝတ်လက်စားတွေကို ခိုးယူထွက်ပြေးသွားတာလို့သိရပါတယ်။

“မနေ့က ဆိုက်ကယ်၃စီး၊ လူက၆ယောက်၊ ကား၂စီးနဲ့ရွာထဲဝင်လာပြီး ဒေါ်ပြုံးကြည်ကိုသတ်သွားတယ်။ ပြီးတော့လက်ဝတ်လက်စားတွေကိုဖြုတ်ခိုးသွားတယ်။ ဒေါ်ပြုံးကြည်ကို ဓားနဲ့ရင်ဝထိုးပြီး သေနတ်နဲ့ပစ်သတ်သွားတာ။ သူတို့ပြန်ထွက်တာက ကူရွာတောင်ဘက် ရွှေကူကြီးဘုရားကနေ လမ်းအတိုင်းမြင်းခြံကိုပြန်ဝင်သွားတာ။ PDFကမလုပ်ဘူး အခုကပျူတွေလာလုပ်တာပါ”လို့ဒေသခံတွေကပြောပါတယ်။

စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်မှာတော့ ကူရွာက ဒေါ်ပြုံးကြည်ကို PDFတွေက လုပ်ကြံသတ်ဖြတ်ပြီး လက်ဝတ်ရတနာတွေယူသွားတယ်လို့ ဝါဒဖြန့်ရေးသားထားပေမယ့် အခုကိစ္စလုပ်သွားသူတွေဟာ PDFတွေမဟုတ်ဘဲ သီတာယုမွန်ပျူအဖွဲ့ကလို့ ခိုင်လုံတိကျတဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

“မနေ့က ကူရွာထဲကို သီတာယုမွန်ပျူစောထီးတွေရောက်နေတယ်ပေါ့။ ဒါနဲ့ကျနော်တို့က ကူရွာအရှေ့ဘက် ကွမ်းစိုက်ကနေ မိုင်းပွိုင့်ခင်းပြီးစောင့်နေတာ။ ဒီကိစ္စက PDFလုပ်တာလုံးဝမဟုတ်ဘူး။ သီတာယုမွန်အဖွဲ့ကဘဲ လုပ်တာ။ ကွမ်းစိုက်မှာ ကျနော်တို့က အသင့်အနေအထားနဲ့စောင့်နေတာ လာရင်တွယ်မှာ”လို့ MBT တပ်ဖွဲ့တာဝန်ခံဗိုလ်မိုက်ခဲက ပြောပါတယ်။

မနက်ခင်းပိုင်းမှာ ဒေါ်ပြုံးကြည်ရဲ့ DBကိုရွာထဲဝင်မယူဘဲ ဒေသခံပြည်သူများကို ရွာအပြင်ပို့ပေးရန် ဖိအားပေးခဲ့ပေမယ့် ညနေပိုင်းမှာတော့ ရဲကားနဲ့လုံခြုံရေးယူပြီး အလောင်းလာကောက်သွားတယ်လို့သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *