ရေနံချောင်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးဟုဆို

ရေနံချောင်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း People’s Defense Force -Yenangyaung (YNG-PDF) မှတာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

အောက်တိုဘာလ ၂၀ နေ့ အင်အား ၇၀ ခန့်ဖြင့် ရေနံချောင်းမြို့နယ်၊ ကုန်းအိုင် -ဖောင်းကွဲလမ်းမှ မကျည်းကန်အုပ်စုအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်း မကျည်းကန်အုပ်စု ၊ ရွှေကျင်ကန်ကျေးရွာအနီး၌ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုနောက် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင်းလည်း စစ်တပ်က အလယ်ကုန်းရွာအနီးသို့ ထပ်မံ ချဉ်း ကပ်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ မိုင်း၊ လက်နက်ငယ်များဖြင့် ထပ်မံ ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ အထိနာပြီး မကျည်းကန်ကျေးရွာတွင် တစ်ညအိပ် တပ်စွဲကာ ရေနံချောင်းမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများညသ် ရွှေကျင်ကန်ကျေးရွာအတွင်း ပြည်သူပိုင် လက်ဝတ် ရတနာများ၊ တန်ဖိုးကြီးပစ္စည်းများကို မွှေနှောက် ရှာဖွေကာ ခိုးယူသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို People’s Defense Force -Yenangyaung (YNG-PDF) ၊ တမာမြေအထူး လှုပ်ရှားစစ်ကြောင်းနှင့် အက်တောတိုက်နယ် ပ-က-‌ဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *