အမှတ် ၂ တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ ၃ ရက်အတွင်း အကြမ်းဖက်စစ်သား ၁၇ ဦး သေဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲနယ်မြေတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိရာ ၃ ရက်အတွင်း အကြမ်းဖက်စစ်သား ၁၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ နယ်မြေမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်များက အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေနဲ့ အထိုင်ချစခန်းများကို စစ်ဆင်ရေးတွေဖော်ဆောင်နေတယ်လို့ တောင်ပိုင်းစစ်ဒေသက အသိပေးထားပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၊ ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ တောင်ငူခရိုင် တောင်ငူမြို့နယ်တို့မှာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း ရန်သူရဲ့သေနတ် ၁ လက်ကို ရေတာရှည်မြို့နယ် ပကဖ အဖွဲ့က သိမ်းဆည်းရမိခဲ့တယ်။

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ KNLA တပ်ရင်း၉ ဒရုန်းအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ တောင်ပိုင်းစစ်ဒေသ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *