ရှမ်းပြည်တောင်ပိုင်း ၊ ရွာငံမြို့အဝင် စစ်ဆေးရေးဂိတ်မှာ မနေ့ နိုဝင်ဘာလ ၁၄ ရက်က ပစ်ခတ်မှု ဖြစ်ပွာပြီး ရဲမှုးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။
ရွာငံ- အောင်ပန်းလမ်းပိုင်း ရဲ့ ရွာငံမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မနေ့ နေ့ခင်းပိုင်းက တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တာ လို့ သိရပါတယ်။
” ရဲမှူးတစ်ဦးကျတာသေချာတယ်၊ ဒဏ်ရာရသူတွေလည်းတော်တော်များတယ်”လို့ ရွာငံမြို့ခံတစ်ဦးကပြောပါတယ်။
အခြားရဲ ၃ ဦးလည်းသေဆုံးတယ်လို့ သိရပါတယ်။
စစ်ဆေးရေးဂိတ်ပစ်ခတ်ခံရပြီးနောက် မန္တလေး- ဟန်မြင့်မိုရ်- ရွာငံ-အောင်ပန်းလမ်းပိုင်းတလျှောက်ရှိ ခရီးသွားကားတွေကို ပိတ်ဆို့စစ်ဆေးပြီး ၃ နာရီကြာအသွားအလာကန့်သတ်ခဲ့တယ်လို့ သိရပါတယ်။
ညပိုင်းမှာတော့ စစ်ကောင်စီတပ်က ရွာငံ၊ ပင်းတယရှိကျေးရွာတွေက ဒေသခံအမျိုးသား အချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ရွာငံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးအင်အားစုတွေကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာရှိပါတယ်။
ရွာငံမြို့စစ်ဆေးဂိတ်ကို ၂၀၂၂ ခုနှစ်က တွေ့မြင်ရစဉ် ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး
Leave a Reply