နွားထိုးကြီး-ပြင်စည် လမ်းပိုင်းကို PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေး

နွားထိုးကြီး-ပြင်စည် လမ်းပိုင်းကို PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးစဉ် ခရီးသည်တင် ကား ၁ စီးပေါ်မှ စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ နွားထိုးကြီး-ပြင်စည် လမ်းပိုင်းကို PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးစဉ် ခရီးသည် ကား ၁ စီးပေါ်မှ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Natogyi People Defence Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ရက်နေ့ ညနေ ၄ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-ပြင်စည် လမ်းပိုင်းကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ နှင့် အမှတ် ၁၀ တပ်ရင်းမှ တော်လှန်ရေး တပ်ဖွဲ့များက ရှောင်တခင် ဝင်ရောက် စစ်ဆေးစဉ် ခရီးသည်တင် ကား ၁ စီး‌ပေါ်မှ စစ် အသုံးဆောင်ပစ္စည်း အချို့နှင့် ပြည်သူများထံမှ စစ်ကောင်စီ တပ်သားများ ခိုးယူထားသော အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကားပေါ်မှ လူတော့ ပါမလာဘူး။ ပစ္စည်းတွေ တင်ပေးလိုက်တာ အများပြည်သူ သွားလာနေတဲ့ ကားပေါ်ကို ပစ္စည်းတွေ တင်ပေးလိုက်တာ။ သူတို့ စစ်ဝတ်စုံတွေ ပါလာတယ်” ဟု Natogyi People Defence Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

နွားထိုးကြီး PDF သည် နွားထိုးကြီးမြို့နယ် နှင့် ထိဆက်နေသော လမ်းပိုင်းများကို ရှောင်တခင်‌ စစ်ဆေးမှုများ မကြာခဏ ဆိုသလို စစ်ဆေးလျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်ဆေးမှုများကို ကြည်ဖြူစွာ လက်ခံပေးရန်နှင့် အကြမ်းဖက် စစ်တပ်၏ ပစ္စည်းများကို သယ်ဆောင်ခြင်း မပြုလုပ်ကြရန် တောင်းဆိုကြောင်း Natogyi People Defence Force မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *