လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ စစ်အုပ်စု စစ်သားနှစ်ယောက်ကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ရေစကြို-ပကဖ) က စည်းရုံးခေါ်ဆောင်ပြီး အလင်းဝင်ရောက်စေကာ ဆုကြေးငွေ ချီးမြှင့်ခဲ့တယ်လို့ ရေစကြို- ပကဖ ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။
မကွေးတိုင်း ရေစကြိုမြို့ပေါ် ရပ်ကွက်တွေမှာ နိုဝင် ဘာလ ၁၆ ရက်က သန်းခေါင်စာရင်းကောက်ယူရာမှာ လုံခြုံရေးအဖြစ်လိုက်ပါလာခဲ့တဲ့ စစ်သားနှစ်ယောက်လက်နက်နဲ့တကွထွက်ပြေးသွားတယ်လို့ သတင်းရတာကြောင့် လိုက်လံရှာဖွေပြီး စည်းရုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၇ ရက် နေ့လယ်မှာ စစ်အုပ်စုစစ်သားနှစ်ယောက် ပုန်းခိုနေတဲ့နေရာကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တွေ့ဆုံစည်းရုံးခဲ့ပြီး အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ရေစကြို ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ဘယ်အဖွဲ့စည်းကိုမှ ချိတ်ဆက်ထားတာမျိုးမရှိဘူးပေါ့နော်။ ၁၆ ရက်နေ့ နေ့လယ်က သန်းခေါင်စာရင်းကောက်နေတာကို လုံခြုံရေးယူနေရင်းထွက်ပြေးလာတာပေါ့နော်။ ညနေပိုင်းလောက်မှာ စစ်ကောင်စီတပ်သားနှစ်ယောက်ထွက်ပြေးတယ်လို့သတင်းရတယ်ပေါ့နော်။ အဲဒါ မြို့ နယ်တစ်ခုလုံးကို သတင်းဖြန့်ကျက်ပြီး ရှာတယ်ပေါ့နော်။ ၁၇ ရက်နေ့ နေ့လယ် လောက်မှာ ရှိတဲ့နေရာကိုသိပြီး သွားပြီးတော့ တွေ့ဆုံဆွေးနွေးတဲ့အပြီးမှာ ကျွန်တော်တို့ဆီကို လိုက်လာခဲ့တာဗျ”လို့ ရေစကြို ပကဖ ပြန်ကြားရေးတာ ဝန်ခံက ပြောပါတယ်။
အလင်းဝင်ရောက်လာခဲ့တဲ့ စစ်အုပ်စုစစ်သားနှစ်ယောက်က လက်နက်နဲ့တကွ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး လက်နက်အမျိုးအစားတွေမှာ MA1 အမျိုးအစားသေ နတ် နှစ်လက်၊ကျည်ဘောက် ကိုးခုနဲ့ ၅ ဒသမ ၅၆ ကျည် ၄၅၀ ခန့်တို့ကို ရေစကြို ပကဖ ဆီအပ်နှံခဲ့တယ်လို့ဆိုပါတယ်။
ရေစကြိုပကဖ အနေနဲ့လည်း အလင်းဝင်ရောက်လာတဲ့ စစ်အုပ်စုစစ်သားနှစ်ယောက်ကို တစ်ယောက်ကို ဆုကြေးငွေ ၁၅ သိန်းဆီ ပေးအပ်ခဲ့ပြီး ဘေးလွတ်ရာနေရာမှာ လွတ်လွတ်လပ်လပ်နေထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၀ ရက်ကလည်း ရေစကြို မြို့ပေါ်ရပ်ကွက် မှာသန်းခေါင်စာရင်းကောက်နေတဲ့စစ်အုပ်စုတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါ်အထိသွားရောက်ပစ်ခက်ခဲ့ပြီး စစ်အုပ်စုစစ်သားတစ်ယောက်သေဆုံးပြီး စစ်အုပ်စု ငါးယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
Leave a Reply