စစ်ရေးအသုံးစရိတ်ဆိုပြီး မဟာမြိုင်တောထဲက ရွှေနဲ့သစ်တွေကို ပသုံးလုံးအဖွဲ့တွေ အထိန်းအကွပ်မဲ့ တူးဖော်ခုတ်ယူနေ
အောက်ခြေ ရဲဘော်တွေက ပြည်သူ့ဆီက အလှူခံပြီး စစ်တိုက်နေရဟုဆို
စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ မဟာမြိုင်ဘေးမဲ့တော ဧရိယာမှာ စစ်ရေးအ သုံး စရိတ်လိုအပ်ချက်အတွက်လို့ အကြောင်းပြပြီး ရွှေမျောတိုက်တာနဲ့ သစ်ခုတ်ယူတာတွေ ပသုံးလုံးအဖွဲ့ အစည်း တွေက အထိန်းအကွပ်မဲ့ တူးဖော်ခုတ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပသုံးလုံးအဖွဲ့အစည်းတွေဟာ မဟာမြိုင်တောအတွင်းရှိ ရွှေနဲ့သစ်တွေကို တူးဖော် ခုတ်ယူတဲ့အခါ စစ်ဘေးရှောင် တွေအတွက် တဲထိုးအိမ်ဆောက်ပေးဖို့ အကြောင်းပြချက်ဖြင့် ခုတ်ယူသလို ရွှေမျောတိုက်တာကိုလည်း စစ်ရေးအ သုံး စရိတ်အတွက် တူးဖော်နေတာဖြစ်တယ်လို့ ပြောဆိုအကြောင်းပြလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ရွှေတူးဖော်တာနဲ့ သစ်ခုတ်တာတွေဟာ မဟာမြိုင်တောကြီးကနေ ဖြတ်သန်းသွားလာရတဲ့ မုံရွာ-ရေဦး-တန့်ဆည်-ကလေးဝလမ်းကြောင်းရဲ့ လမ်းမကြီးနဲ့ ပေ ၂၀ ခန့် အကွာအဝေးလောက်မှာကို လုပ်ဆောင်နေကြတာ ဖြစ်သလို တန့်ဆည်၊ ကလေးဝ၊ မင်းကင်း၊ မော်လိုက်၊ ဖောင်းပြင် စတဲ့ ဒေသတွေအတွင်းမှာ ဆက်စပ်တည်ရှိနေတဲ့ မဟာမြိုင်ဘေးမဲ့တောရဲ့ နေရာအနှံ့အပြားမှာလည်း ရွှေတူးဖော်တာနဲ့ သစ်ခုတ်ယူတာတွေကို ပသုံးလုံးအဖွဲ့ အ စည်းတွေက အများဆုံးလုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဘယ်မြို့နယ်က ပသုံးလုံတွေပါလဲဆိုတော့ ဒီသစ်တောကြီးရှိတဲ့ မြို့နယ်တွေက ပသုံးလုံးအကုန်ပါတာပဲ။ သူတို့ ကိုယ်တိုင်က အဲလိုလုပ်တဲ့အခါကျတော့ ဘေးကနေလည်းပါတယ်။ ဒီကောင်တွေ ပိုက်ဆံပေးလိုက်ရင် ရတယ် ဆို တာမျိုး၊ အဲလိုမျိုးတွေဖြစ်လာတဲ့ဟာတွေ အများကြီး၊ အများကြီးပေါ့ဗျာ” လို့ တန့်ဆည်နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
ပသုံးလုံးအဖွဲ့အစည်းတွေက သူတို့ကိုယ်တိုင် ရွှေတူးဖော် သစ်ခုတ်ယူတာတွေ လုပ်ဆောင်သလို တချို့ ရွှေတိုက် ချင်သူတွေကိုလည်း ငွေကြေးတောင်းယူပြီး လုပ်ဆောင်စေတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
“တန့်ဆည်မြို့နယ် သယံဇာတဆိုလို့ရှိရင် ကျနော်တို့က သမ္မတရုံး၊ ဒုသမ္မတရုံးထိကို စာပို့ပြီး တိုင်ဖူးတယ်ဗျ။ ပိုက် ဆံယူပြီး ဒီလိုမျိုးတွေ ပေါင်းစားပြီး လုပ်စားနေတယ်။ ဒီပိုက်ဆံတွေက ဘယ်ကိုရောက်တာလဲ။ တော်လှန်ရေးထဲ ကို တကယ်ရော ရောက်သလား။ ဒီကိစ္စတွေထိ အများကြီး ပြောဆိုဖူးတာတွေရှိတယ်။ ဒါပေမဲ့ ဘာမှအရေးပါ အရာရောက်မနေဘူး”လို့ တန့်ဆည်နယ် ဒေသခံက ဆိုပါတယ်။
အခုလို စစ်ရေးအသုံးစရိတ်အတွက်လို့ အကြောင်းပြပြီး ရွှေတူးဖော်တာနဲ့ သစ်ခုတ်ယူတာတွေကို လုပ်ဆောင်နေ ပေမဲ့ တစ်ဖက်မှာ အောက်ခြေတော်လှန်ရေးရဲဘော်တွေဟာ စစ်အုပ်စုတပ်ဖွဲ့တွေကို ချေမှုန်းနိုင်ဖို့ ဒေသခံ ပြည်သူ တွေ ဆီက အလှူခံပြီး တိုက်ပွဲဖော်ဆောင်နေကြရတာလို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။
ရွှေတူးဖော် ၊ သစ်ခုတ်ယူပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက အဆင်ပြေနေပေမဲ့ တကယ်တမ်း စစ်တိုက်နေတဲ့ ရဲ ဘော်တွေမှာကျ လက်နက်ခဲယမ်းမပြည့်မစုံနဲ့ တိုက်ခိုက်နေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ကားဝယ်စီးတယ်။ သိန်းထောင်ချီတန်ကားတွေဝယ်စီးတယ်။ ပြီးရင်ဖဲရိုက်တယ်ဗျာ။ သိန်းရာနဲ့ချီပွဲတွေ ရိုက် တယ်ဗျာ။ ဘယ်သူတွေလည်းသွားကြည့်ရင် အဲဒီမြို့နယ်ပကဖတို့ ပအဖတို့ဘာတို့။ သောက်တယ်စားတယ်။ တော် လှန်ရေးထဲမရောက်ဖူးဗျာ။ အောက်ခြေမှာရဲဘော်တွေငတ်နေတယ်”လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။
တော်လှန်ရေး စစ်ရေးအသုံးစရိတ်အတွက် အကြောင်းပြထားတာကြောင့် တချို့တော်လှန်ရေးအဖွဲ့ ခေါင်းဆောင် တွေက အခုလိုမလုပ်ဆောင်ဖို့ တားပြန်ရင်လည်း ဒလန်ဆိုပြီး ပြောဆိုတာတွေကြောင့် ဘယ်သူမှမတားဆီးရဲဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ စိုးမိုးထိန်းချုပ်နိုင်ခြင်းမရှိတော့တဲ့ နေရာတွေမှာ တော်လှန်ရေးဘက်က အုပ်ချုပ်ရေးအတွက် စည်းစ နစ်တကျ မဖွဲ့စည်းနိုင်လိုက်ပဲ ရာထူးတွေ ပေးလိုက်တဲ့အခါ စည်းစိမ်ရစ်မူးသွားကြတာလို့ တော်လှန်ရေးခေါင်း ဆောင်တစ်ဦးက ပြောပါတယ်။
“ကိုယ့်လူတွေကလည်း နည်းနည်းလောက်ရရင်ကို ဘာမှမမြင်နိုင်တော့ဘူးလေ။ တော်လှန်းသမားတွေ ဖျက် ဆီးခံ လိုက်ရသလို ဖြစ်သွားတာပေါ့။ အစကတော့ မခံချင်စိတ်နဲ့ တော်လှန်တယ်။ စည်းစနစ်တကျ မတည်ဆောက်လိုက် ရဘဲနဲ့ အဖွဲ့အစည်းတွေ ဖွဲ့ပေးလိုက်တယ်။ ရာထူးတွေ ပေးလိုက်တဲ့အတွက် ဖြစ်သွားတာ”လို့ လက်ရှိ ပသုံးလုံး အ ခြေအနေနဲ့ပတ်သက်လို့ သူက သုံးသပ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း တည်ရှိတဲ့ မဟာမြိုင်တောဟာ ဧကသုံးသိန်းနီးပါး အကျယ်အဝန်းရှိပါတယ်။
မဟာမြိုင်တောအတွင်း သစ်ခုတ်ယူနေမှုတွေကို တွေ့ရစဉ်/ ဓာတ်ပုံ- ပေးပို့
Leave a Reply