မြို့ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက် ခိုက်မှု စစ်သားအလောင်း ၇ လောင်း၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရရှိ

မတ္တရာမြို့နယ်၊ မြို့ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက် ခိုက်မှု စစ်သားအလောင်း ၇ လောင်း၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရရှိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြို့ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၇ လောင်း၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ကိုအော်စမွန်က ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထိန်းချုပ်စိုးမိုးထားသော မတ္တရာမြို့နယ်၊ အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းကျေးရွာသို့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှင့် PDF တပ်များအကြား တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။

“အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာပါ၊ မြေပြင်စစ်ကြောင်းပါပဲ၊ လေကြောင်းတော့ မလာဘူး။ မတ္တရာမြို့နယ်ဘက်ကို ပြန်ဆုတ်သွားပါတယ်” ဟု မန္တလေး PDF တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ကိုအော်စမွန်ကပြောကြားသည်။

တိုက်ပွဲအတွင်း စစ်သုံပန်း ၁ ဦး နှင့် လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့ပြီး စစ်သားအလောင်း ၇ လောင်းခန့်လည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် နေ့ စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *