“ဘယ် PDF မှ ဂရုမစိုက်ဘူး” ဟု ကြွေးကြော်၍ ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ရယူသူ ခင်ထွဋ်နှင့်သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး

ပေါင်းတည်တွင် “ဘယ် PDF မှ ဂရုမစိုက်ဘူး” ဟု ကြွေးကြော်၍ ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ရယူသူ ခင်ထွဋ်နှင့်သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် “ဘယ် PDF မှ ဂရုမစိုက်ဘူး” ဟု ကြွေးကြော်၍ ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ရယူသူ ခင်ထွဋ်နှင့်သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ပေါင်းတည်မြို့နယ်၊ ဆင်လူးကျေးရွာတွင် အုပ်ချုပ်ရေးမှူး နုတ်ထွက်သွား၍ အုပ်ချုပ်ရေးမှူး အသစ် လုပ်ကိုင်သူ ဆင်လူးကျေးရွာ အုပ်ချုပ်ရေးမှူး ခင်ထွဋ်နှင့် သားဖြစ်သူ အောင်ဇော်ထွဋ္ဋ်တို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူးအဟောင်းက နုတ်ထွက်စာတင်ချိန်တွင် ခင်ထွဋ်က “ဘယ် PDF မှ ဂရုမစိုက်ဘူး” ဟု ကြွေးကြော်၍ ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက် လုပ်ကိုင်ရာမှ ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဆင်လူးကျေးရွာ ပထမအုပ်ချုပ်ရေးမှူး နုတ်ထွက်စာတင်ပြီး ထွက်တယ်။ အဲဒါကို အုပ်ချုပ်ရေးမှူး မလုပ်ရဲရင် ငါလုပ်တယ်ဟုဆိုပြီး ခင်ထွဋ်က အုပ်ချုပ်ရေးမှူး တက်လုပ်တာ။ ဘယ်PDFမှဂရုမစိုက်ဘူး ဆိုပြီး ကြိမ်းပါးပြီးတော့ အပစ်ခံရတာပဲ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ပဲခူးတိုင်း၊ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁- (PPDF)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ က ဆင်လူးကျေးရွာအုပ်ချုပ်ရေး ခင်ထွဋ်နှင့် သားအောင်ဇော်ထွဋ်တို့ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ (PPDF)တပ်ရင်း တပ်ခွဲ ၅က ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံး သေဆုံးခဲံခြင်းဖြစ်ကြောင်းသိရှိရသည်။

” ခင်ထွဋ်က စစ်အာဏာသိမ်းပြီးကာလ ပထမအုပ်ချုပ်ရေးမှူး နုတ်ထွက်စာတင်ပြီးနောက် ဆင်လူးအုပ်စုမှာ အုပ်ချုပ်ရေးလုပ်မယ့် လူမရှိလျှင် ငါလုပ်မယ်ဆိုပြီး ကြွေးကြော်ပြီးတော့ ဆင်းလူအုပ်စု အုပ်ချုပ်ရေးမှူးတာဝန်ယူတာ။ ခင်ထွဋ် က အုပ်ချုပ်ရေးမှူးဖြစ်တဲ့အချိန်ကာလမှာ ကြိုက်တဲ့ PDF တွေလာခဲ့လို့ စိန်ခေါ်တယ်။ ဆင်လူးကျေးရွာအုပ်စုအတွင်းမှာ အကြောင်းအမျိုးမျိုးပြပြီးတော့ ပြည်သူတွေကို ဖမ်းဆီးတယ်။ စစ်သား အဓမ္မစုဆောင်းတယ်။ သူကြောင့် ရွာသားတွေ ရှောင်တိမ်းရတယ်။ ဒါ့အပြင် ခင်ထွဋ်နှင့်သူ့သားအောင်ဇော်ထွဋ် တို့က စစ်ခွေးတွေနဲ့ပေါင်းပြီး ပေါ်တာလိုက်ဆွဲတယ်။ ငွေကောက်တယ်။ သန်းခေါင်စာရင်းကောက်တယ်” ဟု ပဲခူးတိုင်း၊ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁- (PPDF)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

ဆင်လူးကျေးရွာ အုပ်ချုပ်ရေးမှူး ခင်ထွဋ်ကို ပစ်ခတ်ချိန်တွင် သားဖြစ်သူက တော်လှန်ရေး ရဲဘော်များ၏ သေနတ်ကို အတင်းဝင်လုသဖြင့် အခြေအနေအရ သားဖြစ်သူပါ ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *