မြင်းခြံမှာ စစ်အုပ်စု လေကြောင်းပစ်လို့ သေဆုံးခဲ့သူတွေအတွက် တော်လှန်ရေးတပ်တွေ လက်တုံ့ပြန် မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့မြောက်ဘက်အထွက် အနိမ့်လမ်းပိုင်းမှာ စစ်အုပ်စု တွေ စီးနင်းလိုက်ပါလာတဲ့ ကားတစ်စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု နှစ်ယောက်သေဆုံးသွားတယ်လို့ Myingyan Black Tiger (MBT) – မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

မြင်းခြံမြို့ဆီကို အနိမ့်လမ်းပိုင်းအတိုင်း ပြန်လာနေတဲ့ စစ်အုပ်စု ငါးယောက် လိုက်ပါစီးနင်းလာတဲ့ ကားကို ဒီဇင်ဘာလ ၅ ရက် မနေ့က နေ့လယ်ပိုင်းမှာ အခုလို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဘက်က သိရသလောက်ကတော့ (စစ်အုပ်စု) နှစ်ယောက်သေတယ်လို့ ကြားထားပါတယ်။ သေတဲ့ အထဲက တစ်ယောက်ကတော့ ဦးခေါင်းခြမ်းပိုင်း ကြေသွားတယ်လို့ ကျွန်တော်တို့ သိရတယ်ဗျ။ ကျန်တဲ့ အသေး စိတ်ကိုတော့ ဆက်လက်စုံစမ်းနေတုန်းပါဗျ”လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်အုပ်စုတပ်တွေဟာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီးနောက် အနီး ဝန်းကျင်ကို သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်ပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဆို ပါတယ်။

အခုလို စစ်အုပ်စုတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဟာ ဒီဇင်ဘာလ ၄ ရက်က နွားထိုးကြီးမြို့နယ်ထဲ စစ်အုပ်စုရဲ့ လေကြောင်းက ဗုံးကြဲပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် ချက်ချင်း လက်တုံ့ပြန်ပြီး သွေးကြွေးတောင်းယူတဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ Myingyan Black Tiger (MBT) – မြင်းခြံခရိုင် အမှတ် (၉) တပ် ရင်းက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ထဲမှာ စစ်အုပ်စုက ကျေးရွာတွေကို ဒီဇင်ဘာလ ၂ ရက်ကနေ ၅ ရက်အထိ လေး ရက် ဆက်တိုက် လေကြောင်းက ဗုံးကြဲပစ် ခတ်မှုကြောင့် ကလေးငယ်တွေအပါဝင် စုစုပေါင်း ဒေသခံ ၁၀ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကာ နေအိမ်နဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးထားတယ်လို့ ဒေသခံသ တင်းရင်းမြစ်တွေက ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *