ဓနုဖြူမြို့နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများကို မကွေးတိုင်းသို့ပို့ဆောင်

ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့နယ် အခြေစိုက် ခမရ ၁၀၈ တပ်တွင်ထားရှိသော ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတပ်သားများကို ယခုလအစပိုင်းက မကွေးတိုင်းဘက်သို့ပို့ဆောင်လိုက်ကြောင်းသတင်းရရှိသည်။

ဓနုဖြူမြို့နယ်အပါအ၀င် တိုင်းအတွင်းမြိုနယ်များရှိ ရပ်ကွက်နှင့်ကျေးရွာများမှ စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရပြီး သင်တန်း အပါတ်စဥ် ၅ တက်
ရောက်ထားသည့် လူငယ် ၆၀ ခန့်ကိုပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“မကွေးတိုင်းလို နေရာမျိုးကို သင်တန်း သုံးလလောက်တက်ထားတဲ့ အရပ်သားသာသာတွေပို့လိုက်တာ။ မပို့လို့ကလဲအင်အားကမရှိတော့ဘူး”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့ကလည်း ပုသိမ်မြို့ ရွှေမြင်တင်ကျေးရွာအုပ်စုရှိ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်းမှ ပြည်သူ့စစ်မှုထမ်း အပါတ်စဉ် ၆ သင်တန်းဆင်း တပ်သား၂၅၀ခန့်ကို တနသ်ာရီတိုင်းရှိ စစ်ကောင်စီတပ်များသို့ ပို့ဆောင်ခဲ့သည်။

ယခုစစ်ကောင်စီမှ စေလွှတ်ခြင်းခံရသော သင်တန်းဆင်းများသည် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးများမှ ငွေပေးစေခိုင်းသူများ၊ အတင်းအကျပ် နံမည်စာရင်းထည့်ခံရသူများအပြင်၊ စစ်ကောင်စီ၏ အတင်းအဓမ္မပေါ်တာဆွဲခြင်းခံခဲ့ရသူများ ပါ၀င်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *