လည်ပင်းလိမ်၊ ဇက်ချိုးအနှိပ်ခံရလို့ သေဆုံးခဲ့ရတဲ့ ထိုင်းအမျိုးသမီးတစ်ဦး အဖြစ်အပျက်ကြောင့် အနှိပ်ခန်းသတိပေးချက်တွေ ထွက်ပေါ်လာ
ထိုင်းနိုင်ငံ၊ ဥဒုံဌာနီခရိုင်ရှိ အနှိပ်ခန်းတစ်ခုအတွင်း အနှိပ်ခံမိပြီးနောက် သေဆုံးသွားတဲ့ အမျိုးသမီးအဆိုတော်တစ်ဦးအကြောင်းဟာ ဒီဇင်ဘာ ၈ ရက်၊ ဒီကနေ့ တုန်လှုပ်ခြောက်ခြားစရာ သတင်းပျံ့နှံ့သွားခဲ့ပါတယ်။
Nation TV ရဲ့ ဖော်ပြချက်အရ ပင်းချာယာဒါလို့ခေါ်တဲ့ အဆိုတော်တစ်ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်း လည်ပင်းလိမ်၊ ဇက်ချိုးပေးခြင်းအပါအဝင် အနှိပ်ခံပြီးကတည်းက နေရထိုင်ရခက်ပြီး တဖြည်းဖြည်း ပိုဆိုးလာတယ်လို့ ဆိုပါတယ်။
ပခုံးနာကျင်မှုကို သက်သာစေဖို့ အနှိပ်ခန်းမှာ ပင်းချာယာဒါဟာ အနှိပ်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်နှစ်ရက်အကြာ သူ့လည်ပင်းနောက်ဘက် ဂုတ်ပိုး နာကျင်ခဲ့သလို ညာလက်မောင်းအားပျော့သွားခဲ့ပြီး ရက်သတ္တပတ်အတန်ကြာချိန်မှာတော့ သူ့ခန္ဓာကိုယ် ၅၀ ရာခိုင်နှုန်း လေဖြတ်သွားခဲ့ပါတယ်။
Drama Addict ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ချာယာဒါကွယ်လွန်ကြောင်း မက်ဆေ့ချ် တင်ထားရာမှ ဒီဇင်ဘာ ၈ ရက်၊ ဒီကနေ့မှာ အမှုဖွင့်ခဲ့ပါတယ်။
လည်ပင်းကို အလွန်အမင်း နှိပ်နယ်ခြင်းဟာ ဦးနှောက် (ဒါမှမဟုတ်) ကျောရိုးရှိ သွေးကြောတွေကို ပျက်စီးစေတာကြောင့် ချင့်ချိန်သင့်တယ်လို့ ယူဆကြောင်း အဲဒီဖေ့စ်ဘွတ်စာမျက်နှာမှာ မှတ်ချက်ချထားပါတယ်။
“လူအများအနေနဲ့ လည်ပင်း (ဒါမှမဟုတ်) ကျောရိုးပေါ်တွင် အနှိပ်ခံခြင်းကို ရှောင်ကြဉ်သင့်ကြောင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း (ဒါမှမဟုတ်) ခြေလက်များ အားနည်းနေသူတွေဟာ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ကြောင်း” အဲဒီပို့စ်မှာ သတိပေးထားပါတယ်။
Leave a Reply