ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲစခန်းကို KNDF ဦးဆောင်သော တော်လှန်ရေးတပ်က သိမ်းပိုက်လိုက်ကြောင်း Progressive Karenni People Force – PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက သတင်းထုတ်ပြန်သည်။

“မနေ့ညက သိမ်းတာပါ။ လေယာဉ်တွေနဲ့ တောက်လျှောက် ဗုံးကျဲနေလို့ အခုငြိမ်သွားမှ သတင်းထုတ်ပြန်ကြတာ” ဟု ကရင်နီတော်လှန်ရေးတပ်နှင့် အတူရှိနေသော သတင်းရင်းမြစ်ကပြောဆိုသည်။

ပြည်နယ်ရဲစခန်းသိမ်းပိုက်ရရှိမှုတွင် လက်နက်ခဲယမ်းတချို့၊ ရဲဆိုင်ကယ်၊ ရဲကားများနှင့် အဓိကရုဏ်းနှိမ်နင်းရေးကားများ ပါ သိမ်းဆည်းရရှိကြောင်း သိရှိရပြီး တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *