ရွှေဘိုမြို့ပေါ်ရှိ ကညနရုံးနှင့် မြန်မာ့စီးပွားရေးဘဏ် တို့၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ကညနရုံးနှင့် မြန်မာ့စီးပွားရေးဘဏ် တို့၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် ပစ်ခတ်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗိုလ်သိဒ္ဓိက မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ပေါ်ရှိ ကညနရုံး၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၃ လုံး ပစ်သွင်းပြီး လက်နက်ငယ်များဖြင့်ပါ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ဝင်ရောက် ပစ်ခတ်မှုအတွင်း ကညနရုံး အနီး ကင်းယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး နေရာ၌ပင် လဲကျကာ ဒဏ်ရာရရှိသူ အများအပြားရှိနိုင်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တော်လှန်ရေး တပ်ဖွဲ့များက နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ပေါ်ရှိ မြန်မာ့စီးပွားရေး ဘဏ်အနီး ကင်းစောင့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက်ငယ်များဖြင့် ထပ်မံ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု များပြားကြောင်း သိရသည်။

အဆိုပါ ဝင်ရောက် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် ပ.က.ဖ (သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ )(ဝက်လက်မြို့နယ်)၊ တာနောယက္ခ ပြည်သူ့လုံခြုံရေးအဖွဲ့ (ရွှေဘိုမြို့နယ်)၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့်ရွှေဘိုခရိုင်တပ်ရင်း(၂၃) တပ်ခွဲ-၁(နောင်ရိုးArmy) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *