ခမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းထားသည့် ကလေးငယ် ၃၆ ဦးကို တော်လှန်ရေးအဖွဲ့များကယ်ထုတ်

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ ခမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် မိဘမဲ့ကျောင်းမှ ကလေးငယ် ၃၆ ယောက်နှင့် ဆရာ၊ဆရာမတို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ဘေးလွတ်ရာကို ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။

စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် AG ဘုရားကျောင်းဝန်းအတွင်းရှိ မိဘမဲ့ကလေးများကို ဒီဇင်ဘာ ၁၀ ရက်က ဖမ်းဆီးခဲ့ပြီးနောက်မှ တော်လှန်ရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၁၁ ရက်နေ့လယ်တွင် ပြန်လည်ကယ်ထုတ်ကာ ဘေးလွတ်ရာကို ရွှေ့ပြောင်းပြီးဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။

“ကလေးတွေကို ကယ်ထုတ်နိုင်ပါပြီ။ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေဆဲပါ”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ တိုက်ပွဲအ​ခြေအ​နေ အ​သေးစိပ်ကိုမူမသိရ​သေး​ပေ။

ခမ်းပါတ်မြို့ ရှိ ယခင်တပ်စွဲခဲ့​သောစစ်ကောင်စီတပ်ကုန်းနှင့်ရဲစခန်းတို့မှာ ကာကွယ်ရေးတပ်များကဖျက်ဆီးထားသဖြင့် စစ်ကောင်စီတပ်များ ပြန်လည်အခြေမချနိုင်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က ခမ်းပါတ်မြို့ကို ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက လေကြောင်းမှ လေးကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဆက်သွယ်ရေးဖုန်းလိုင်းများလည်း ဖြတ်တောက်ထားသည်။

ခမ်းပါတ်မြို့ကို အမှတ် (၁) စစ်ဒေသကွပ်ကဲရေးမှုဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် အခြားတော်လှန်ရေးအဖွဲ့က နိုဝင်ဘာ ၃ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်တွင် ခမ်းပါတ်မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့သည်ဟု NUGကထုတ်ပြန်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *