သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဦးဝါသဝ အဖွဲ့မိုင်းဆွဲ တိုက်ခိုက်ခံရ၊ သုံးယောက်သေဆုံး

သင်္ကန်းဝတ်ပျူစောထီးခေါင်းဆောင် ဦးဝါသဝ အဖွဲ့ကို မနေ့က(ဒီဇင်ဘာ၁၃) ရက်မနက်ပိုင်းမှာမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ Khin U Special Force Organization-KSO ဆီကသိရပါတယ်။

ရေဦးမြို့နယ်၊ အောင်သာယာရွာကနေ ရေဦးမြို့ ကိုထွက်လာတဲ့ အင်အား(၁၀၀)လောက်ရှိတဲ့ ပျူစောထီးအဖွဲ့ကို ရေဦးမြို့မရောက်ခင်မှာ ဒရုန်းနဲ့ သုံးကြိမ် ဗုံးသီး ၉ လုံးချတိုက်ခိုက်ခဲ့တာပါ။

KSOတပ်ဖွဲ့၊ ခင်ဦးမြို့နယ်ပကဖDorne အဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း -၃၊ KURDAF ARF Wolf Guerrilla Local PDF၊ YE .U တို့ကပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ပျူစောထီး(၃)ယောက်သေဆုံးခဲ့တယ်လို့ Khin U Special Force Organization-KSO ကပြောပါတယ်။

သင်္ကန်းဝတ်ပျူစောထီးခေါင်းဆောင် ဦးဝါသဝ ဟာစစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အတွင်းကပြည်သူတွေကို တအိမ်တယောက်နှုန်း ပျူစောထီးအဖွဲ့ဝင်ခိုက်ထားပြီး မဝင်တဲ့အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ရွာတွေကို ဘုန်းကြီး ဝါသ၀ ရောက်လာပြီး ပျူစောထီးအဖွဲ့ထဲကို ဝင်ခိုင်းတယ်၊ သက်ကြီးရွယ်အိုပဲရှိတဲ့ အိမ်ဆိုရင်တော့ ပိုက်ဆံပေးရတယ်၊ ပျူစောထီးထဲဝင်လို့ရတဲ့ အရွယ်ရှိပြီး မဝင်ရင်တော့ အိမ်ကိုမီးရှို့တယ်” လို့ကန့်ဘလူ ဒေသခံတစ်ယောက်ကပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ကြီးထွားလာတဲ့ ကန့်ဘလူမြို့နယ် အတွင်းကပျူစောထီးတွေကို လက်နက်ထုတ်ပေးတာ စစ်သင်တန်းပေးတာတွေ လုပ်နေပေမယ့် စစ်ကောင်စီကတော့ ပျူစောထီးအဖွဲ့တွေကို သူတို့ကူညီထောက်ပံ့ပေးထားတဲ့ လက်အောက်ခံ အဖွဲ့ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ရေဦးသို့လာသော ဦးဝါသဝ၏ ပျူစောထီးများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့သို့လာသော သင်္ကန်းဝတ်ပျူစောထီးခေါင်းဆောင် ဦးဝါသဝ၏ ပျူစောထီးများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း Khin U Special Force Organization-KSO အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) နံနက်ပိုင်းက ရေဦးမြို့နယ်၊ အောင်သာယာရွာမှ ရေဦးမြို့သို့ ထွက်လာသော ကန့်ဘလူနယ် ကာဘိုးရွာအခြေစိုက် ‌အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား စစ်ကြောင်းတလျှောက် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ခင်ဦးအ​ခြေစိုက် KSO အဖွဲ့က အသိပေးသည်။

ရေဦးမြို့မရောက်မီ နေ့လယ်၁၂နာရီမှ၂ နာရီအတွင်း ဒရုန်းဖြင့် သုံးကြိမ် ဗုံးသီး ၉လုံးချတိုက်ခိုက်ခဲ့ကြောင်း KSO အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကာ အထမ်းများဖြင့် ရေဦးမြို့သို့ သယ်ဆောင်သွားကြောင်း KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဝါသဝလက်အောက်က ပျူတွေကော ပါတယ်။ ရေဦးဘက်မကူးတာကြာပြီ။ ရေဦးကိုဘာလုပ်ချင်လို့လဲမသိဘူး။ ရေဦးမြို့ပေါ်ပို့တာ။”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို KSOတပ်ဖွဲ့၊ ခင်ဦးမြို့နယ်ပကဖDorne အဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း -၃၊ KURDAF ARF Wolf Guerrilla Local PDF၊ YE .U တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်အား ဆက်လက်တိုက်ခိုက်နိုင်ရန် ရန်ပုံငွေလိုအပ်နေ၍ ပြည်သူများ ပူးပေါင်းကူညီပေးပါရန် မေတ္တာရပ်ခံထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *